မြိတ်တွင် COVID-19 ကာကွယ်ဆေးလက်မှတ် အတုလုပ်ထားသူများကို အရေးယူမည်

မြိတ်တွင် COVID-19 ကာကွယ်ဆေးလက်မှတ် အတုလုပ်ထားသူများကို အရေးယူမည်
ပုံစာ -မြိတ်တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနေစဉ်။ (ဓာတ်ပုံ- CJ)

ဖေဖော်ဝါရီ ၁၈

မြိတ်မြို့၌ COVID-19 ရောဂါ ကာကွယ် ဆေးထိုးပြီးကြောင်း လက်မှတ် အတု ပြုလုပ်ထားသူများကို စစ်ဆေး တွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်သည်။

"အစောပိုင်းမှာ ဆိုရင် နှာခေါင်းစည်း မတတ်သူတွေ ဆေးလက်မှတ် မပါသူတွေကို ဒဏ်ငွေ ရိုက်တာမျိုး ရှိတယ်။ အခုလည်း ဆေးလက်မှတ် အတုလုပ်သူတွေ တွေ့ရှိရင် ဖမ်းဆီး အရေးယူမယ်လို့လည်း ကြားနေရတယ်"ဟု မြိတ်မြို့ခံ တစ်ဦးက ပြောသည်။

မြိတ်မြို့နယ် အတွင်း COVID-19 ရောဂါ တွေ့ရှိသူ ယမန်နေ့ အထိ ၂၁၀ ဦး ရှိခဲ့သည်။ တနင်္သာရီတိုင်း အတွင်း၌ မြို့နယ် အလိုက် COVID-19 ရောဂါ ကူးစက်သူ ၆၇၁ ဦး ရှိကြောင်း တနင်္သာရီတိုင်း ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ နေ့စဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly