တရုတ်အစိုးရ၏ ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒသည် အကျိုးအမြတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စာတမ်းတစ်စောင်ထွက်ပေါ်

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒသည် အကျိုးအမြတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စာတမ်းတစ်စောင်ထွက်ပေါ်

တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကြောင့် ပြည်သူများ ထိခိုက်နစ်နာနေချိန်၌ ထွက်ပေါ်လာသည့် စာတမ်းတစ်စောင်တွင် PCR စနစ်ဖြင့် အစုလိုက်အပြုံလိုက်စမ်းသပ်ခြင်း၊ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးခြင်းနှင့် ကာကွယ်ဆေးသုတေသနများကို လုပ်ဆောင်ခြင်းတို့သည် အဆိုပါ တင်းကျပ်သည့် စနစ်မှ ကြီးမားသော အမြတ်အစွန်းများရရှိအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Harvard Yenching Institute တွင် တက်ရောက်ခဲ့သူ ဟွမ်ဝမ်ရှန်းနှင့် Tsinghua တက္ကသိုလ်မှ ထင်ရှားသော ပါမောက္ခတစ်ဦးနှင့် Xi'an Jiaotong University မှ ဧည့်ပါမောက္ခတို့၏ ပြောဆိုထားသည်ဆိုသော အသံဖိုင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

သီးသန့်စကားဝိုင်း၌ ဟွမ်ဝမ်ရှန်းက ကိုဗစ်ဖြစ်ပွားပြီးနောက် ၆ လအကြာ ၂၀၂၀ ခုနှစ် ဇူလိုင်တွင် CPC ခေါင်းဆောင်များသည် ရှီကျင့်ဖျင်ညွှန်ကြားချက်အရ ‘နည်းပညာဆိုင်ရာကပ်ရောဂါကာကွယ်ရေးစီမံကိန်း’ ကို ဦးဆောင်ရေးအတွက် တရုတ်နိုင်ငံသို့ ၎င်းအား အရေးပေါ်ပြန်ခေါ်ရန် လေယာဉ်လက်မှတ် ခရီးစဉ်တစ်ကြောင်းတည်းအတွက် အမေရိကန်ဒေါ်လာ ၂၇ ၀၀၀ ခန့်သုံးစွဲခဲ့ကြောင်း ပြောပြသည်။

CPC အာဏာပိုင်များကျင့်သုံးနေသော လက်ရှိ ကိုဗစ်လုံးဝကင်းစင်ရေးပေါ်လစီ၏ အဓိကရည်ရွယ်ချက်များထဲမှတစ်ခုမှာ PCR စမ်းသပ်ခြင်း၊ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးခြင်းနှင့် ကာကွယ်ဆေးသုတေသနများမှ ကြီးမားသောအမြတ်အစွန်းများရရှိစေရန်ဖြစ်ကြောင်း ဟွမ်ဝမ်ရှန်းက ပြောကြားခဲ့သည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုသည် ရောဂါစမ်းသပ်မှုမှ ယွမ်ငွေ ၆၇၀ ဘီလီယံ ရရှိခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ကပ်ရောဂါထိန်းချုပ်မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၈ ထရီလီယံခန့် ရရှိခဲ့ကြောင်း ပီကင်းတက္ကသိုလ်မှ ပါမောက္ခ လီလင်း၏ပြောကြားချက်ကို ဟွမ်ဝမ်ရှန်းက ကိုးကားပြသည်။

CCP ၏ ထိပ်ပိုင်းအရာရှိများနှင့် ၎င်းတို့၏ လုပ်ငန်းကိုယ်စားလှယ်အများအပြားသည် PCR စမ်းသပ်ခြင်းလုပ်ငန်းနယ်ပယ်တွင် ပါဝင်နေကြသည်ဟု ဆိုသည်။

တရုတ်အာဏာပိုင်များသည် အဆိုပါစမ်းသပ်ကိရိယာများရောင်းချမှုမှ ကြီးမားသောအမြတ်အစွန်းများကို ရရှိသောကြောင့် ရောဂါဖြစ်သူ ၁ ဦး ၂ တွေ့လျှင်ပင် ခရိုင်တစ်ခုလုံး သို့မဟုတ် ဧရိယာတစ်ခုလုံးကို အစုလိုက်အပြုံလိုက်စမ်းသပ်မှုပြုလုပ်ရန် ညွှန်ကြားလေ့ရှိသည်။

ထို့ပြင် တတိယအကြိမ်နှင့်စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေးထိုးခြင်းများမှာလည်း ၎င်းနောက်ကွယ်ရှိ အကျိုးစီးပွားအုပ်စုများနှင့်လည်း သက်ဆိုင်သည်ဟု ဟွမ်ဝမ်ရှန်းက ဆိုသည်။ “ဒီပြဿနာက ကြီးမားတယ်။ ကျန်းမာရေးပြဿနာက နိုင်ငံရေးပြဿနာတွေဖြစ်လာတယ်” ဟု ဟွမ်နှင့်ပါဝင်ဆွေးနွေးသူက မှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly