တရုတ်က အစ္စရေးတွင် ရောက်ရှိနေသော ကျောင်းသားများကို သတင်းအချက်အလက်များ စုဆောင်းခိုင်း

တရုတ်က အစ္စရေးတွင် ရောက်ရှိနေသော ကျောင်းသားများကို သတင်းအချက်အလက်များ စုဆောင်းခိုင်း

အစ္စရေးနိုင်ငံတွင်း မီဒီယာများက ဖော်ပြသောအချက်အလက်များကိုစုဆောင်းရန် တရုတ်အစိုးရက ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် ကျောင်းသားများကို ပြောကြားထားရာ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း အလားတူ လုပ်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအကြောင်း အစ္စရေးမီဒီယာများ၏ဖော်ပြမှုကို ရှာဖွေရန်နှင့်ပေးပို့ရန် အစ္စရေးတက္ကသိုလ်အများအပြားရှိ ကျောင်းသားများအား တာဝန်ရှိသူတစ်ဦးကညွှန်ကြားထားကြောင်းThe Jerusalem Post မှရရှိသောဓာတ်ပုံမှတ်တမ်းများအရသိရသည်။

တရုတ်ကျောင်းသားများအနေဖြင့် ဟီးဘရူးဘာသာကို ကောင်းမွန်စွာ လေ့လာ သင်ယူရန်လည်း တိုက်တွန်း ညွှန်ကြား ထားသည်။

အစ္စရေး-တရုတ်ဆက်ဆံရေးဆိုင်ရာ သုတေသီတစ်ဦးကိုလည်း ပေကျင်းအိုလံပစ်ပွဲသို့ လာရောက်ရန် ကုန်ကျစရိတ်အားလုံးတာဝန်ယူမည့် ကမ်းလှမ်းမှုအပါအဝင် အစ္စရေးမီဒီယာများတွင် အိုလံပစ်ပွဲတော်နှင့် ပတ်သက်ပြီးအပြုသဘောဆောင်သောဆောင်းပါးများရေးပေးရန် တရုတ်တာဝန်ရှိသူများက ဖိအားပေးလုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင်အစ္စရေး၌ တရုတ်ကျောင်းသားရာနှင့်ချီရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီက အများဆုံး၁၀၀၀ကျော်ထိရှိခဲ့ကာအမေရိကန်၊ဗြိတိန်သို့မဟုတ်ဩစတြေးလျကဲ့သို့သောနိုင်ငံများ၌ရှိသည်ထက် ကျောင်းသားအရေအတွက်နည်းပါးသည်။

Weizmann Institute တွင်ယခင်ကပညာသင်ကြားခဲ့သည့် UC Berkeley မှ ပါရဂူဘွဲ့လွန် သုတေသနပညာရှင်ဖေးလီက “ဘယ်ကျောင်းသားက အာဏာပိုင်တွေကို ခင်ဗျားအကြောင်း သတင်းတွေ ပို့မလဲဆိုတာ မသိနိုင်ဘူး” ဟုဆိုကာ အခြားတရုတ်ကျောင်းသားများကို မ ယုံနိုင် ကြောင်းEurasianet သတင်းဌာနသို့ပြောကြားခဲ့သည်။

၂၀၂၀ခုနှစ်ကWeizmann မှ အိန္ဒိယသုတေသီတစ်ဦးသည် တရုတ်၏ယဉ်ကျေးမှုတော်လှန်ရေးကို ဝေဖန်သည့်ပို့စ်ကို Facebook တွင်ရေးသားခဲ့ပြီး ကိုဗစ်-၁၉ ပျံ့နှံ့မှုအတွက် တရုတ်ကွန်မြူနစ်ပါတီကို အပြစ်တင်ခဲ့သည်။

တရုတ်ကျောင်းသားအချို့က ထိုကိစ္စကို တရုတ်သံရုံးကိုတိုင်ကြားပြီး Weizmann အင်စတီကျုမှသုတေသီကို ထုတ်ပစ်ရန် လှုပ်ရှားမှုစတင်ခဲ့ကြသည်။ သို့သော်တက္ကသိုလ်က ၎င်းကို ထုတ်ပစ်ခဲ့ခြင်းမရှိပေ။

ကျောင်းဝင်းများအတွင်း၌အချက်အလက်များထောက်လှမ်းစုဆောင်းခြင်းနှင့်နည်းပညာများခိုးယူခြင်းတွင်ပါဝင် ပတ်သက်နေသောတရုတ်ကျောင်းသားများကိုတွေ့ရှိပြီးနောက် နိုင်ငံအများအပြားသည် မကြာသေးမီနှစ်များအတွင်း အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ကြသည်။ ထို့ပြင်တရုတ်သည် လူမှုရေးဆိုင်ရာ ဖိအားပေးရန်အစ္စရေးရှိကျောင်းသားများကိုပြုလုပ်သကဲ့သို့WeChat အဖွဲ့များကိုအသုံးချခြင်းဖြင့်အခြားနိုင်ငံများရှိကျောင်းသားများကိုဆက်လက်စောင့်ကြည့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly