သီရိလင်္ကာ၏ အနာဂတ်ခေါင်းဆောင်များက အကျင့်ပျက်ခြစားထားသော တရုတ်စီမံကိန်းများကို ဖျက်သိမ်းနိုင်ဖွယ်ရှိဟု သမ္မတ၏ အကြံပေးပြောကြား

By Big News Network
17 February 2022
သီရိလင်္ကာ၏ အနာဂတ်ခေါင်းဆောင်များက အကျင့်ပျက်ခြစားထားသော တရုတ်စီမံကိန်းများကို ဖျက်သိမ်းနိုင်ဖွယ်ရှိဟု သမ္မတ၏ အကြံပေးပြောကြား

သီရိလင်္ကာနှင့် တရုတ်နိုင်ငံတို့အကြား Hambantota ဆိပ်ကမ်းကိစ္စအပေါ် အငြင်းပွားနေပြီး နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များသည် အကျင့်ပျက်ခြစားသော တရုတ်စီမံကိန်းများနှင့် သဘောတူညီချက် များအားလုံးကို ပယ်ဖျက်နိုင်ဖွယ်ရှိသည်။

သမ္မတအကြံပေးလည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်သည့် ဒေါက်တာ ဝီဂျေးဒါဆာရာဂျာပက်ရှီက သီရိလင်္ကာမှ အနာဂတ်ခေါင်းဆောင်များသည် အကျင့်ပျက်ခြစားသော တရုတ်စီမံကိန်းများနှင့် သဘောတူညီချက်များအားလုံးကို ပယ်ဖျက်နိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်အား သတိပေးခဲ့သည်ဟု အခွင့်အရေးနှင့်လုံခြုံရေးဆိုင်ရာနိုင်ငံတကာဖိုရမ် (IFFRAS) ကဖော်ပြသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက် ရက်စွဲဖြင့် တရုတ်သမ္မတထံသို့ တိုက်ရိုက်ပေးပို့သော စာတွင် ဒေါက်တာဝီဂျေဒါဆာက တရုတ်နိုင်ငံသို့ ပေးအပ်ထားသည့် Hambantota ဆိပ်ကမ်းစီမံကိန်းအား သီရိလင်္ကာသမိုင်းတွင် ပမာဏအလွန်များပြားသည့် အဂတိလိုက်စားမှုအကြီးဆုံးလုပ်ငန်းအဖြစ် ခေါ်ဆိုခဲ့သည်။

ဒေါက်တာ ရာဂျာပက်ရှီသည် တရုတ်၏ အကြွေးထောင်ချောက် သံခင်းတမန်ခင်းကို ဆန့်ကျင်ပြောဆိုသည့် ရဲရင့်သော နိုင်ငံရေးသမား အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် ရှီကျင့်ဖျင်ထံ စာရေးခဲ့သူတစ်ဦးဖြစ်သည်။

အဆိုပါ စာတွင် စာမျက်နှာ ၆ မျက်နှာပါဝင်ပြီး မျှော်မှန်းထားသောရလဒ်များမထွက်ပေါ်လာသေးသော်လည်း နိုင်ငံရေးသမားများကို ကိုယ့်သဘောနှင့်ကိုယ် ကော်မရှင်ခများထောက်ပံ့ပေးသည့် စီမံကိန်းများဖြင့် သီရိလင်္ကာနိုင်ငံအား ထောင်ချောက်ဆင်သော တရုတ်၏စိတ်အားထက်သန်မှုကို ထုတ်ဖော် ရေးသားထားသည်။

အထူးသဖြင့် ၂၀၀၉ ခုနှစ်က ပြီးဆုံးခဲ့သော ပြည်တွင်းပဋိပက္ခအတွင်း တရုတ်အစိုးရက သီရိလင်္ကာအား လက်နက်ခဲယမ်းမီးကျောက်များ ကူညီပေးခဲ့ပြီးနောက် ဝန်ကြီးချုပ် မဟိန္ဒြာရာဂျာပက်ဆာနှင့်သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာတို့သည် တရုတ်နိုင်ငံနှင့် ဆယ်စုနှစ်တစ်ခုကျော် အထူးဆက်ဆံရေးရှိခဲ့ကြောင်း ကောင်းစွာ သိထားကြပြီးဖြစ်သည်။

ကြွေးမြီထောင်ချောက်သံခင်းတမန်ခင်းတရုတ်စံနမူနာကိုကောင်းစွာနားလည်ထားကြပြီးနိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်သုတေသနအဖွဲ့အစည်းများကကမ္ဘာတစ်လွှားတရုတ်နိုင်ငံမှချေးငွေထုတ်ချေးသောကဏ္ဍများကိုအသေးစိတ်စာရင်းပြုစုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly