အမေရိကန်အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်မှု၏ နောက်ကွယ်တွင် တရုတ်ရှိနေကြောင်း ကျွမ်းကျင်သူ များ သံသယရှိနေ

အမေရိကန်အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်မှု၏ နောက်ကွယ်တွင် တရုတ်ရှိနေကြောင်း ကျွမ်းကျင်သူ များ သံသယရှိနေ

အမေရိကန် မီဒီယာအဖွဲ့အစည်းတစ်ခုက ၎င်းတို့၏ အီးမေးလ်များ၊ ဝန်ထမ်းများနှင့် သတင်းထောက်အချို့၏ စာရွက်စာတမ်းများကို ဝင်ရောက်တိုက်ခိုက်သည့် ဆိုက်ဘာတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

The Wall Street Journal နှင့် New York Post တို့ကို ပိုင်ဆိုင်သည့် အဖွဲ့အစည်းဖြစ်သည့် သတင်းဌာနကြီး News Corp မှ ဝန်ထမ်းများထံ ကုမ္ပဏီသည် “နိုင်ငံတစ်ခုက အမြဲတမ်း စီစဉ်လုပ်ဆောင်သည့် တိုက်ခိုက်မှု” ၏ ပစ်မှတ်ဖြစ်နေကြောင်း ဌာနတွင်းအီးမေးလ် တစ်စောင် ပေးပို့ခဲ့ကြောင်း Voice of America (VOA) က ဖော်ပြခဲ့သည်။

News Corp နည်းပညာအရာရှိချုပ်ဒေးဗစ် ကလိုင်းက ဇန်နဝါရီလ ၂၀ရက်တွင် အဖွဲ့အစည်း၏ စီးပွားရေး ယူနစ်များစွာအသုံးပြုသည့်စနစ်တွင် တိုက်ခိုက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း အီးမေးလ်တွင် ရေးသားဖော်ပြခဲ့သည်။

တိုက်ခိုက်မှုကို တွေ့ရှိပြီး မကြာမီတွင် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Mandiant၏ အကူအညီဖြင့် စုံစမ်းစစ် ဆေးမှုကို စတင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့များသို့ အကြောင်းကြားခဲ့ကြောင်း အဖွဲ့အစည်းက ပြောကြားခဲ့သည်။

News Corp ရုံးချုပ်မှ စီးပွားရေး အီးမေးလ် အကောင့်များနှင့် စာရွက်စာတမ်းများအပြင် ယင်း၏ သတင်းနည်း ပညာ ဝန်ဆောင်မှုများ၊ Dow Jones၊ News UK နှင့် New York Post လုပ်ငန်းများသည် ဆိုက်ဘာတိုက်ခိုက်မှု ကြောင့် ထိခိုက်ခဲ့ကြောင်း VOA သတင်းက ဖော်ပြခဲ့သည်။

နိုင်ငံခြားအစိုးရ၏ ပါဝင်ပတ်သက်နိုင်ခြေကို ဦးတည်ညွှန်ပြနေသည့် ပဏာမအချက်အလက်များကို ကလိုင်းက အသိပေးခဲ့သည်။

Mandiantက ယင်းလှုပ်ရှားမှု၏ နောက်ကွယ်တွင် တိုက်ခိုက်သူများသည် တရုတ်နှင့် ဆက်စပ်မှုရှိကြောင်းကို သုံးသပ်ခဲ့ပြီး ၎င်းတို့သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် ထောက်လှမ်းရေးသတင်းစုဆောင်းရန်၊

သူလျှိုလှုပ်ရှားမှုများတါင် ပါဝင်နိုင်ဖွယ်ရှိသည်ဟု ယုံကြည်ထားကြောင်း Mandiant၏ ဒုဥက္ကဌနှင့် အဖြစ်အပျက်အပေါ် ပြန်လည်ဖြေကြားပေးသူ ဒေးဗ် ဝမ်က ပြောကြားခဲ့သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ရဲ့ ကနဦး ခွဲခြမ်းစိတ်ဖြာချက်က နိုင်ငံခြားအစိုးရရဲ့ ပါဝင်ပတ်သက်မှု ဒီလုပ်ဆောင်ချက်နဲ့ ဆက်စပ်နေပြီး အချက်အလက်အချို့ကို ယူဆောင်သွားတယ်ဆိုတာကို ဖော်ပြနေပါတယ်" ဟု ကလိုင်းက ရေးသားခဲ့သည်။

စာနယ်ဇင်းလုပ်ငန်းအား တိုက်ခိုက်ခြင်းကို လုံးဝသည်းခံမည်မဟုတ်ကြောင်း နည်းပညာအရာရှိချုပ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly