စွန့်ပစ်နှာခေါင်းစည်းများနဲ့ဖုန်းအားသွင်းကိရိယာပြုလုပ်

18 February 2022
စွန့်ပစ်နှာခေါင်းစည်းများနဲ့ဖုန်းအားသွင်းကိရိယာပြုလုပ်

တိုင်ဝမ်မှာရှိတဲ့ ကုမ္ပဏီတခုက တခါသုံးစွန့်ပစ်နှာခေါင်းစည်းတွေနဲ့ ဝိုင်ယာလက်စ် ဖုန်းအားသွင်းစက်တွေပြန်ထုတ်လုပ်နေပါတယ်။ အမေရိကန်ပြည်ထောင်စု(MIT)မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်ရဲ့လေ့လာချက်အရ ကိုဗစ်ကပ်ရောဂါကြောင့် ထွက်လာတဲ့ ကျန်းမာရေးကဏ္ဍ သုံးစွန့်ပစ်အမှိုက်က နေ့စဉ်တန်ချိန် ၇၂၀၀ ထိရှိနိုင်ကြောင်းခန့်မှန်းထားပါတယ်။ အများစုကတော့ တခါသုံးနှာခေါင်းစည်းတွေပါ။ ခုလိုကပ်ရောဂါကာလအတွင်း အတောမသတ်နိုင်အောင်ထွက်လာတဲ့ တခါသုံး နှာခေါင်းစည်းတွေနဲ့ တေိုင်ဝမ်က ဝိုင်ယာလက်စ် ဖုန်းအားသွင်းစက် ထုတ်လုပ်မှုအကြောင်း အပီသတင်းကို အခြေခံပြီး နန်းလောင်ဝ် တင်ပြထားပါတယ်။  
#MizzimaTV
#မဇ္ဈိမအတွက်ဗွီအိုအေသတင်းလွှာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly