အိုင်အက်အကြမ်းဖက်အုပ်စုက ဆီးရီးယားအရှေ့ပိုင်းတွင် လူပေါင်း ၃၀၀ခန့်ကို သတ်ဖြတ်ပစ်ခဲ့ဟုဆို

အိုင်အက်အကြမ်းဖက်အုပ်စုက ဆီးရီးယားအရှေ့ပိုင်းတွင် လူပေါင်း ၃၀၀ခန့်ကို သတ်ဖြတ်ပစ်ခဲ့ဟုဆို

ဒမတ်စကတ်၊ ဇန်နဝါရီ-၁၇ ။              ။ ဇန်နဝါရီလ ၁၆ရက်နေ့တွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုက ဆီးရီးယားအရှေ့ပိုင်းမှ ရွာတစ်ရွာကို တိုက်ခိုက်ပြီး လူအမြောက်အများကို သတ်ဖြတ်သွားခဲ့ သည်ဟူသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

တက်ကြွလှုပ်ရှားသူများက လူပေါင်း ၁၃၅ယောက် သတ်ဖြတ်ခံခဲ့ရသည်ဟု ပြောကြားရာတွင် ဆီးရီးယားနိုင်ငံပိုင် မီဒီယာကမူ သေဆုံးသည့်အရေအတွက်မှာ အနည်းဆုံး ၃၀၀အထိ ရှိသည်ဟု ပြောကြားသည်။

သေဆုံးသူများထဲတွင် ဆီးရီးယားတပ်ဖွဲ့ဝင် (သို့မဟုတ်) သစ္စာခံ စစ်သွေးကြွ တိုက်ခိုက်ရေးသမား ၅၀နှင့် ဘိုဂိုင်လီယီကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၈၅ယောက် ပါဝင်သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အုပ်စုမှ ပြောကြားသည်။  

အနည်းဆုံး အိုင်အက်စ်တိုက်ခိုက်ရေးသမား ၄၂ယောက်လည်း သေဆုံးခဲ့သည်ဟု လန်ဒန်အခြေစိုက် တက်ကြွလှုပ်ရှားသူအုပ်စုက ပြောကြားခဲ့သည်။

သေဆုံးသည့်အရေအတွက်မှာ ထို့ထက်ပိုမိုများပြားခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်သည်ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ SANAက ပြောကြားခဲ့သည်။

SANA၏ ပြောကြားချက်အရ အိုင်အက်စ်စစ်သွေးကြွများက ရွာသူရွာသား ၃၀၀ခန့်ကို သတ်ဖြတ်ပစ်ခဲ့သည်ဟု ဆိုသည်။ အသတ်ခံရသူ အများစုမှာ မိန်းမများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly