တရုတ်ဓာတ်မြေသြဇာများတွင် အန္တရာယ်ရှိသော ပစ္စည်းများ ပါဝင်နေ

တရုတ်ဓာတ်မြေသြဇာများတွင် အန္တရာယ်ရှိသော ပစ္စည်းများ ပါဝင်နေ

တရုတ်နိုင်ငံသည် ဓာတ်မြေသြဇာ အမယ်များတွင် ပေါက်ကွဲစေတတ်သည့် သတ္တိရှိသော ကုန်ပစ္စည်းများ ပါဝင်နေပြီး ဘေးကင်းလုံခြုံသော သိုလှောင်မှုနှင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် ဘေးအန္တရာယ်ရှိသော အချက်အလက်များ မဖော်ပြဘဲ ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ ကြိုတင်သတိပေးချက်များကို ရှောင်ရှားနေသည်။

စစ်ဆေးမှုများကို International Maritime Solid Bulk Cargoes Code (IMSBS Code) အရ လုပ်ဆောင်လျက်ရှိသည်။

IMSBS ကုဒ်၏ အဓိကရည်ရွယ်ချက်မှာ ကုန်ပစ္စည်းအမြောက်အများ လုံခြုံစွာသိုလှောင်ခြင်းနှင့် ကုန်ပစ္စည်း များ တင်ပို့ရာတွင် တင်ပို့ခြင်းနှင့်ဆက်စပ်သော အန္တရာယ်များအကြောင်း အချက်အလက်များကို ပံ့ပိုးပေးရန် ဖြစ်သော်လည်း တရုတ်သည် အဆိုပါသတ်မှတ်ထားသော ဘေးကင်းရေးသတိပေးချက်များကို လိုက်နာ ကျင့်သုံးခြင်းမရှိပေ။

တရုတ်ကုမ္ပဏီများသည် တင်ပို့သည့် ကုန်ပစ္စည်း၏ မှန်ကန်တိကျသော သဘောသဘာဝကို ဖုံးကွယ်ထား သည်။ ပေါက်ကွဲစေတတ်သော အန္တရာယ်များနှင့် ပတ်သက်၍ မှတ်ချက်များကို ထည့်သွင်းခြင်း မပြုလုပ်ပေ။

တင်ပို့သည့်အချိန်တွင် တရုတ်ကုမ္ပဏီများမှထုတ်ပေးသည့် ပစ္စည်းများဘေးကင်းရေးအချက်အလက်ဇယား (MSDSs) များတွင် အချက်အလက်များမပါရှိပေ။

တရုတ်နိုင်ငံ၊ ထန်ကျန်းမြို့အခြေစိုက် New China Chemicals Company Ltd. က ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများသည် ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် တောင်အာဖရိကနိုင်ငံ ဒါဘန်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ရာတွင် အဆိုပါ သင်္ဘောသည် အဆိပ်အတောက်ပါရှိသည့် အညိုရောင်အငွေ့များကို စတင် ထုတ်လွှတ်ခဲ့သဖြင့် ဆိပ်ကမ်းတွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့သည်ဟု HK Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများကို ဆိုဒီယမ်မက်တဘီဆူလ်ဖိုက် (Sodium Metabisulphite) အဖြစ် ဖော်ပြခဲ့သော်လည်း ဖော်ပြချက်မှာ မမှန်ကန်ပါ။

ဓာတုဗေဒ ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာအရ မိုနိုပိုတက်စီယမ် ဖော့စဖိတ်မှလွဲ၍ သင်္ဘောပေါ်ရှိ အခြား ဓာတုပစ္စည်း ၅ မျိုးစလုံးမှာ ပေါက်ကွဲစေနိုင်သော ဂုဏ်သတ္တိရှိကြောင်း HK Post က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly