ယင်းမာပင် တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံး ဟုဆို၊ စစ်ရဟတ်ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်

16 February 2022
ယင်းမာပင် တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံး ဟုဆို၊ စစ်ရဟတ်ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်

ဖေဖော်ဝါရီလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့၊ ပုပ္ပါးရွာနှင့် တမာပင်ခွရွာကြားတွင် ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်နှင့် ဒေသခံ ပြောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ကူခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၆၀ ကျော်ဖြင့် တစ်နာရီ ဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဦးရေ ၃၀ ခန့် သေဆုံးကာ စစ်ရဟတ်ယာဉ် ပစ်ကူ တစ်စီး ရောက်ရှိလာ၍ ဒေသ ကာကွယ်ရေးတပ်များ ရှောင်တိမ်းခဲ့ကြောင်း ဆရာစံ PDF တာဝန်ရှိသူက ပြောသည်။

"ဒီကောင်တွေ ပုလဲကနေ ယင်းမာပင်ကို ဦးတည်လာတာ၊ ပုပ္ပါးရွာမှာ တစ်ရက် စခန်းချတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေတာ နှစ်ရက်ရှိပြီ။ ရွာကလူတွေ ထိမှာစိုးလို့ ဒီနေ့မှ လုပ်ရတာ။ အနီးကပ်ပစ်တာ မီတာ ၁၀၀ေ လာက်ကနေ၊ Mytel မမတွေနဲ့ပါ ပစ်တာ" ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း ယင်းမာပင်မြို့ရှိ Mytel တာဝါတိုင်အား ဆရာစံ-PDF အဖွဲ့က ဖြိုချပြီး Mytel မမ လက်နက်များ တီတွင် ထုတ်လုပ်ခဲ့ကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly