စစ်ကောင်စီတပ် တိုက်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီးလေတပ် CDM တပ်ကြပ်ကြီးဇေယျနှင့်ဆက်သွယ်မေးမြန်းချက်

16 February 2022
စစ်ကောင်စီတပ် တိုက်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီးလေတပ် CDM တပ်ကြပ်ကြီးဇေယျနှင့်ဆက်သွယ်မေးမြန်းချက်

ဖေဖော်ဝါရီလ ၁၆ ရက်

စစ်ကောင်စီတပ် တိုက်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး လေတပ် CDM တပ်ကြပ်ကြီး ဇေယျနှင့် ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

"တံတားဦး လေတပ်စခန်းမှာ အခုပျက်ကျတဲ့ A5 လေယာဉ် ၁၀ စီးရှိတယ်၊ တရုတ်ထုတ်တွေပါ ၊ တော်တော်အိုနေပြီ၊ အသုံးမဝင်တော့ဘူး၊ ဆီခိုးလို့ ကောင်းတဲ့ လေယာဉ်တွေပေါ့ "

အကြမ်းဖက် စစ်ကောင်စီတပ်၏ A5 အမျိုးအစား တိုက်လေယာဉ် တစ်စီး စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်း အတွင်း ယနေ့ ဖေဖော်ဝါရီ ၁၆ရက် နံနက်ပိုင်းက ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်က တပ်မတော်(လေ) တံတားဦး လေတပ်စခန်းမှ ပုံမှန် လေ့ကျင့် ပျံသန်းလျက် ရှိသည့် တိုက်ခိုက်ရေး လေယာဉ်တစ်စီး ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် လေ့ကျင့်ရေး ဧရိယာတွင် လေ့ကျင့် ပျံသန်းစဉ် ဆက်သွယ်မှု ပြတ်တောက်သွားကြောင်းနှင့် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

အဆိုပါ စစ်တိုက်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး လေတပ် CDM တပ်ကြပ်ကြီး ဇေယျကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly