ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဘာသာရေးစော်ကားမှုဖြင့် ဟိန္ဒူကျောင်းဆရာ ထောင်တစ်သက် ချမှတ်ခံရ

By Pakistan Telegraph
15 February 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဘာသာရေးစော်ကားမှုဖြင့် ဟိန္ဒူကျောင်းဆရာ ထောင်တစ်သက် ချမှတ်ခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ဘာသာရေးစော်ကားမှုစွဲချက်ဖြင့် ဟိန္ဒူကောလိပ်ကျောင်းဆရာတစ်ဦးကို တရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက်နှင့် ဒဏ်ငွေ ရူပီး ၅၀,၀၀၀ လည်း ချမှတ်ခံခဲ့ရကြောင်း Daily Pakistan သတင်းဌာနက ဖော်ပြသည်။

အစိုးရဒီဂရီကောလိပ်မှ ဆရာတစ်ဦးဖြစ်သည့် နော်တန် လယ်သည် ၂၀၁၉ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နောက် အမှုရင်ဆိုင်နေခဲ့ရသူဖြစ်သည်။

ယင်းကာလအတွင်း ၎င်း၏ အာမခံ လျှောက်ထားမှုကို နှစ်ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရသည်ဟု Daily Pakistan သတင်းဌာနက ဖေဖေါ်ဝါရီ ၈ ရက်တွင် ဖော်ပြသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဒေသကျောင်းတစ်ကျောင်း၏ ပိုင်ရှင်သည် ဘာသာရေးစော်ကားမှု ကျူးလွန်ထားခဲ့သည် ဆိုပြီး ကျောင်းသားတစ်ဦးက ပြောကြားထားသော ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ပါကစ္စတန်တွင် ၁၉၄၇ ခုနှစ်နောက်ပိုင်း ဘာသာရေးစော်ကားမှုဖြင့် စွဲဆိုခံရသည့် အမှုပေါင်း ၁,၄၁၅ ခုအထိ ရှိသည်ဟု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် သုတေသနနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာက ပြောသည်။

၁၉၄၇ နှင့် ၂၀၂၁ ခုနှစ်အကြား ယင်းနိုင်ငံတွင် အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၇၁ ဦးသည် တရားဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရကြောင်း ယင်းအဖွဲ့က ပြောသည်။ သို့သော် ဘာသာရေးစော်ကားမှုဖြစ်စဉ်အားလုံးကို သတင်းမဖော်ပြထားနိုင်သည့်အတွက် အမှန်တကယ် ကိန်းဂဏန်းက ပိုမို မြင့်မားနေနိုင်သည်ဟု သုတေသနနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာက ပြောကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required