လူမှုကွန်ရက်တွင် လူသိများသည့် ဘွားကြည်ခင် ကင်ဆာရောဂါဖြင့် ကွယ်လွန်

လူမှုကွန်ရက်တွင် လူသိများသည့် ဘွားကြည်ခင် ကင်ဆာရောဂါဖြင့် ကွယ်လွန်

ဖေဖော်ဝါရီ ၁၆

ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် လူသိများ ချစ်ခင်ကြသည့် ဘွားကြည်ခင် အသက် ၈၄ နှစ်သည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာ ရေတံခွန်တောင် အထက်တွင် ရှိသည့် YGW ဘိုးဘွားရိပ်သာ၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။

“သင်္ခါရသဘောကို မလွန်ဆန်နိုင်တော့ သွားရှာပြီပေါ့ ဖွားမေရယ်။ ဝမ်းနည်းခြင်း စိတ်မကောင်းခြင်း များစွာနှင့် အတူ အမေခင် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းမေတ္တာ အခါခါ ပို့လိုက်ပါတယ် ”ဟု YGW ဘိုးဘွားစောင့်ရှောက်ရေးကျောင်း မန္တလေး၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းတွင် အေးရိပ်ငြိမ် သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရက်လည် အကျွေးအမွေးလုပ်ဆောင်သွားမည်ဟု သိရသည်။

“သူ ရုပ်ရှင်တွေ အကြောင်း ပြောတာလေးတွေ သူငယ်ငယ်က အကြောင်းတွေ၊ ပြေတီဦးကို သူနဲ့ အသက် အတူတူပဲလို့ ပြောတာတောင် မှတ်မိသေးတယ်။ အဘွား ဆုံးသွားတယ် ကြားရတာ တကယ် စိတ်မကောင်းပေမယ့် အသက်အရွယ် တစ်ခုထိ နေသွားရသလို နောက်ဆုံး အချိန်တွေမှာလည်း ဘုန်းဘုန်းတို့နဲ့ အတူတူ ရှင်သန်ခွင့် ရခဲ့တာဆိုတော့ အဘွား အရမ်း ကံကောင်းပါတယ်။ ကောင်းတဲ့နေရာကိုပဲ ထပ်သွားရမှာပါ” ဟု ဘွားကြည်ခင် ကွယ်လွန်ကြောင်း ကြားသိရသူ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required