မိုးညှင်းမြို့နယ် နန်းမားလျှပ်စစ်ရုံး ဗုံးပစ် တိုက်ခိုက်ခံရ 

16 February 2022
မိုးညှင်းမြို့နယ် နန်းမားလျှပ်စစ်ရုံး ဗုံးပစ် တိုက်ခိုက်ခံရ 

ဖေဖော်ဝါရီလ ၁၅ ရက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားလျှပ်စစ်ရုံး ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီခန့်က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။ 

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် နန်းမား အခြေစိုက် စစ်ကောင်စီ ခလရ (၃၈၇) တပ်ဘက်မှ ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း ကနဦး စုံစမ်း သိရှိရသည်။ 

အကြောင်းစုံကို မဇ္ဈိမက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ 

ယမန်နေ့ ညကလည်း မိုးညှင်းမြို့တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက် စီးနင်း ရှာဖွေခဲ့ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly