“ချုပ်ချယ်ရင်ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံထူကြ လွှင့်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

“ချုပ်ချယ်ရင်ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံထူကြ လွှင့်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၄၂ ရက်မြောက်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

“ချုပ်ချယ်ရင်ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံထူကြ လွှင့်ကြ” ဆိုသည့် စာတမ်းအား ကိုင်စွဲပြီး ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly