ဖားကန့်မြို့က KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဖားကန့်မြို့က KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

အင်တာနက် ဖြတ်တောက်ခံရမှု ခြောက်လနီးပါး ရှိပြီဖြစ်သည့် ဖာကန့်မြို့မှ ဆန္ဒပြ ပြည်သူများက ဖားကန့်ဒေသ စစ်ရေး တင်းမာနေစဉ် KIA၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေဟု ဆုတောင်းပေးခဲ့ကြပြီး “NUG အစိုးရ ဒို့အစိုးရ၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ အကြမ်းဖက် စစ်တပ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” ဟု ကြွေးကြော်ချီတက် သပိတ်မှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required