အိန္ဒိယနှင့် ကာတာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

အိန္ဒိယနှင့် ကာတာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် ကာတာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်မိုဟာမက်ဘင်အဗ္ဗဒူရာမန်အယ်တာနီနှင့် သွားရောက်တွေ့စဉ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ ဒစ်ဂျစ်တယ်နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သလို ကာတာအစိုးရ တာဝန်ရှိသူများက နိုင်ငံတွင်း ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများအပေါ် ကူညီပံ့ပိုးမှုများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ကာတာ၏ ဒုတိယဝန်ကြီးချုပ်တစ်ဦးလည်း ဖြစ်သူ အယ်တာနီက နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးချဲ့မှုများကို ဝမ်းမြောက်ဂုဏ်ယူကြောင်းလည်း ပြောကြားလိုက်သည်။

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ အိန္ဒိယသံရုံးသစ်နေရာ အုတ်မြစ်ချအခမ်းအနားသို့လည်း ဂျိုင်ရှန်ကာ တက်ရောက်ခဲ့သည်။

“သံရုံး အုပ်မြစ်ချအခမ်းအနားကို တက်ရောက်လာသည့် ဒုတိယဝန်ကြီးချုပ်နှင့် နို်ငငံခြားရေး ဝန်ကြီးလည်း ဖြစ်သူ အယ်တာနီကို ကျေးဇူးတင်ပါတယ်။ အခုတည်ဆောက်မယ့် သံရုံးသစ်ဟာ ကာတာမှာ ရှိကြတဲ့ အိန္ဒိယအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်ဆန္ဒနဲ့လည်း ကိုက်ညီမယ်လို့ ယုံကြည်ပါတယ်” ဟုလည်း ဂျိုင်ရှန်ကာက အခြားတွစ်တာတစ်ခုတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly