ရန်ကုန်ဆေးရုံကြီးရှိ ဌာနအချို့ကို ယာယီပိတ် 

ရန်ကုန်ဆေးရုံကြီးရှိ ဌာနအချို့ကို ယာယီပိတ် 

ဖေဖော်ဝါရီလ ၁၄ ရက်

ရန်ကုန်ဆေးရုံကြီးရှိ အထူးကု ပြင်ပဌာန ငါးခုကို  ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက လူမှုကွန်ရက်က တစ်ဆင့် ထုတ်ပြန်သည်။

ရန်ကုန် ဆေးရုံကြီးရှိ အထူးကု ပြင်ပလူနာဌာနများမှ ဆရာဝန်ကြီးများ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများ COVID-19 ရောဂါ ခံစားနေရသဖြင့် ဌာန ငါးခုကို ခေတ္တပိတ်ထားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းဌာနများမှာ  အထွေထွေ အထူးကု သမားတော်ဌာန၊ ကင်ဆာဆေးဌာန၊ အကြောအဆစ် အထူးကုဌာန၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာနနှင့် ဟော်မုန်းရောဂါ အထူးကုဌာနတို့ ဖြစ်ကြောင်း သိရသည်။

အကြောအဆစ် အထူးကုဌာနကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ယာယီပိတ်ထားမည်ဟု ဖော်ပြထားပြီး ကင်ဆာဆေးဌာနကိုမူ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ယာယီ ပိတ်မည်ဖြစ်ပြီး မည်သည့်ရက်တွင် ပြန်ဖွင့်မည်ကို ဖော်ပြထားခြင်း မရှိပေ။ ကျန်ဌာနများကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၅ ရက်အထိ ယာယီ ပိတ်ထားမည် ဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ရန်ကုန်ဆေးရုံကြီးရှိ နှလုံးဆေးကုဌာနကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ယာယီပိတ်မည်ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် အခြား အထူးကု ပြင်ပ လူနာဌာနများနှင့် အရေးပေါ် လူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ် ကုသမည် ဖြစ်ကြောင်းနှင့် ဆေးရုံဆင်း လူနာများ ရက်ချိန်းပြည့်ပါက ဆက်သွယ် အကူအညီ တောင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly