ချက်ကြိုးမပြတ်သေးသည့် မွေးကင်းစ ကလေးအား စွန့်ပစ်သူကို ရဲစုံစမ်း

ချက်ကြိုးမပြတ်သေးသည့် မွေးကင်းစ ကလေးအား စွန့်ပစ်သူကို ရဲစုံစမ်း

မုံရွာ၊ ဇန်နဝါရီ ၁၆ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ယခုလ ၁၅ ရက်က မွေးကင်းစ ကလေးငယ်တစ်ဦးအား စွန့်ပစ်ခံခဲ့ရပြီး ယင်းသို့ စွန့်ပစ်သူကို ရဲတပ်ဖွဲ့မှ စုံစမ်းလျက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

တမူးမြို့၊ စန္ဒကူးရပ်ကွက်၊ နှစ်မွှာလမ်းဆုံအနီးရှိ လမ်းခင်းကျောက်ပုံဘေးတွင် ချက်ကြိုးမပြတ်သေးသည့် ယောကျာၤး ကလေးငယ်တစ်ဦးအား စွန့်ပစ်ခြင်းခံခဲ့ရပြီး တမူးမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

တမူးမြို့ ဆန္ဒကူးရပ်ကွက်နေ အမျိုးသမီးနှစ်ဦးမှ အိန္ဒိယ-မြန်မာ နယ်စပ်ဈေးဖြစ်သော နန့်ဖာလုံဈေးလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ကြပြီး ၎င်းတို့ ရပ်ကွက်အရောက်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းမွေးကင်းစ ကလေးငယ်အား နေ့လည် ၁ နာရီခန့်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ညနေ ၃ နာရီခန့်တွင် တမူးမြို့ ပြည်သူ့ဆေးရုံတွင် အသက်သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ချက်ကြိုးမပြတ်သေးသည့် မွေးကင်းစ ကလေးငယ်တစ်ဦးအား သေဆုံးအောင် စွန့်ပစ်ခဲ့သူအား တမူးမြို့မရဲစခန်း(ပ)၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ အရ အမှုရေးဖွင့်ကာ တရားခံ အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly