အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၀ဝ ဖိုး လက်နက်များ ရောင်းချမည်

အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၀ဝ ဖိုး လက်နက်များ ရောင်းချမည်

ထိုင်ဝမ်ကျွန်းတွင် အသုံးပြုသည့် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်အား ဆက်လက်ထိန်းသိမ်းရန်၊ အဆင့်မြှင့် တင်ရန်အတွက် ထိုင်ဝမ်သို့ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ဖိုး ရောင်းချရန် အမေရိကန်က အတည်ပြုလိုက်သည်။

အမေရိကန်ရှိ ထိုင်ဝမ်စီးပွားရေးနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်ရုံးက ရောင်းချရန် တောင်းဆိုသည့်အတွက် အမေရိကန်နိုင်ငံခြားရေးဌာန၏ ခွင့်ပြုချက်ရရှိပြီးနောက် ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက လိုအပ်သည့် အသိအမှတ်ပြုလက်မှတ်ကို ကွန်ဂရက်သို့ ပေးပို့ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

"အဆိုပါ ရောင်းချမှုသည် လက်ခံရရှိသူ၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီစေရန်နှင့် ယုံကြည်ရလောက် သော ခံစစ်စွမ်းရည်ကို ထိန်းသိမ်းထားရန် ဆက်လက်ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးခြင်းဖြင့် အမေရိကန် အမျိုးသားရေး၊ စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ အဆိုပါ ရောင်းချမှု သည် လက်ခံရရှိသူ၏ လုံခြုံရေးတိုးတက်မှု၊ ဒေသတွင်း နိုင်ငံရေးတည်ငြိမ်မှု၊ စစ်ရေး ဟန်ချက်ညီမှု၊ စီးပွားရေးနှင့် တိုးတက်မှု ထိန်းသိမ်းရေးကို ကူညီပေးမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရောင်းချမှုသည် ထိုင်ဝမ်အတွက် လက်နက်အင်အား တောင့်တင်းစေမည်ဖြစ်ပြီး လေကြောင်းစစ်ဆင်ရေး အတွက် အဆင်သင့်ဖြစ်စေရန် ကူညီပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ထိုင်ဝမ်အနေဖြင့် ဒေသတွင်း ခြိမ်းခြောက်မှုများကို အဟန့်အတားဖြစ်စေရန်နှင့် မိမိကိုယ်ကို ကာကွယ်ရေးကို အားကောင်းစေရန် အတွက် အသုံးပြုမည်ဖြစ်သည်။ ထိုင်ဝမ်၏ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်လည်း ဝယ်ယူမည့် လက်နက်များနှင့် သက်ဆိုင်ရာဝန်ဆောင်မှုကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

အဆိုပြုထားသည့် ယင်းပစ္စည်းရောင်းချမှုနှင့် ထောက်ပံ့ပေးမှုသည် ဒေသတွင်း အခြေခံစစ်ရေးဟန်ချက်ကို ပြောင်းလဲစေမည်မဟုတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထိုင်ဝမ်ကလည်း အမေရိကန်က ဒေါ်လာ သန်း ၁၀ဝ ဖိုး လက်နက်ရောင်းချရန် အတည်ပြုခြင်းကို ကြိုဆိုခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက Twitter တွင် “ထိုင်ဝမ်ကို လက်နက်ဒေါ်လာ သန်း ၁၀ဝ ရောင်းချမည့် @အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ကြိုဆိုပါသည်ဟု ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly