အကျဉ်းချခံထားရသည့် တိဗက်ဘုန်းတော်ကြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

အကျဉ်းချခံထားရသည့် တိဗက်ဘုန်းတော်ကြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

အကျဉ်းချခံထားရသော တိဗက်ဘုန်းတော်ကြီး ဘာသာရေးအတွေးအခေါ်ပညာရှင် ဂိုရှာရက်ဂါဆိုကို တရုတ်အစိုးရအနေဖြင့် ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးသင့်သည်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

ဂိုရှာရက်ဂါဆို၏ ကျန်းမာရေးသည် မကြာသေးမီက ပိုမိုဆိုးရွားလာသည်ဟု သက်ဆိုင်သူများက တိဗက်ဒေသ ပြင်ပမှ နှီးနွှယ်သူများကပြောကြောင်း HRW ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂိုရှာရက်သည် နာတာရှည် အဆုတ်ရောဂါကို ခံစားနေရပြီး ထောင်ထဲတွင် လုံလောက်သည့် ဆေးကုသမှု မရရှိပေ။

“တိဗက်လူမျိုးတစ်ဦးကို တရုတ်အစိုးရက မှားယွင်းအကျဉ်းချလိုက်တာ သေဒဏ်ဖြစ်လာမယ့် အန္တရာယ်ရှိနေပါတယ်။ ဂိုရှာရက်ဂါဆိုကို ချက်ချင်းလွှတ်ပေးသင့်ပြီး ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသင့်ပါတယ်” ဟု HRW မှ တရုတ်ဒါရိုက်တာ ဆိုဖီယာရစ်ချက်ဆင်က ပြောကြားခဲ့သည်။

စီချွမ်ပြည်နယ်မြို့တော် ချန်ဒူးတွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အသက် ၄၅ နှစ်အရွယ် ဂိုရှာရက်ဂါဆိုကို လုံခြုံရေးဝန်ကြီးဌာနမှ အေးဂျင့်များက ဖမ်းဆီးခဲ့ကြောင်း ကုလသမဂ္ဂ လူအခွင့်အရေး

ကျွမ်းကျင်သူ ၃ ဦး၏ စုံစမ်းမေးမြန်းမှုကို တရုတ်အာဏာပိုင်များက ၂၀၂၁ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက်တွင် ဖြေဆိုဖော်ပြထားသည်။

အာဏာပိုင်များသည် ဂိုရှာရက်အား တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) ၏မြို့တော် လာဆာသို့ လွှဲပြောင်းပေးခဲ့ပြီး ခွဲထွက်ရေးလှုံ့ဆော်မှုစွဲချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ်တရားစွဲဆိုခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့မှ ပြောကြားခဲ့သည်။ အစိုးရထုတ်ပြန်ချက်တွင် နောက်ပိုင်း၌ ရုံးတင်စစ်ဆေးမည်ဟု ဖော်ပြထားသော်လည်း ရက်စွဲအတိအကျ မပါရှိပေ။

နိုင်ငံပြင်ပရှိ တိဗက်သတင်းရင်းမြစ်များအရ ဂိုရှာရက်အား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ပြီး လာဆာ၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ချုရှူးအကျဉ်းထောင်တွင် ထားရှိကြောင်း HRW က ဆိုသည်။

ဂိုရှာရက်အား ဧည့်သည်တွေ့ခွင့်မပေးဘဲ ကျန်းမာရေးမှာလည်း ဆိုးရွားနေကြောင်း ပြည်ပ သတင်းရင်းမြစ်များက ပြောသည်။ တရုတ်အာဏာပိုင်များသည် ဘုန်းတော်ကြီးဂိုရှာရက်အား ၃ ကြိမ်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“တရုတ်အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က တိဗက်ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာရေးကို ဖျက်ဆီးပစ်ဖို့ ဖြစ်တဲ့အတွက် တိဗက်ပညာရှင်တွေကို နှုတ်ဆိတ်သွားအောင်လုပ်တဲ့ သူတို့ဆုံးဖြတ်ချက်ဟာ သိသိထင်ရှားလှပါတယ်” ဟု ရစ်ချက်ဆင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly