ဟောင်ကောင်ပုံစံ ဆူပူအုံကြွမှုကို ရှောင်ရှားရန် မကာအိုတွင် တရုတ်က စည်းမျဉ်းများ တင်းကျပ်ထား

ဟောင်ကောင်ပုံစံ ဆူပူအုံကြွမှုကို ရှောင်ရှားရန် မကာအိုတွင် တရုတ်က စည်းမျဉ်းများ တင်းကျပ်ထား

ဟောင်ကောင်ကဲ့သို့ နိုင်ငံရေးပြဿနာမျိုးကို တစ်စိတ် တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မကာအိုတွင် အမြစ်မတွယ်စေရန် လုပ်ဆောင်မှုအဖြစ် နိုင်ငံတော်လုံခြုံရေး ဥပဒေအပါအဝင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် နိုင်ငံတော်လုံခြုံရေးဆောင်ရွက်ချက်များ၌ တရုတ်အစိုးရက တင်းကျပ်လျက်ရှိသည်။

မကာအိုအစိုးရက အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်ရာ အကောင်အထည်ဖော်မှုဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တိုးတက်ကောင်းမွန်ရေးနှင့် မြို့တော်၏ တရားရေးဆိုင်ရာ ပြဌာန်းချက်များကို ပိုမိုကောင်းမွန်အောင်

ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်က ၂၀၂၁-၂၅ ၅ နှစ်စီမံကိန်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း Voice Of America (VOA) က ဖော်ပြခဲ့သည်။

နယ်မြေအတွင်းရှိ အရာရှိများသည် အမျိုးသားလုံခြုံရေးဥပဒေအား ပြီးမြောက်ရန်၊ အကြမ်းဖက်ဝါဒနှင့် ဆက်သွယ်ရေးကြားဖြတ်ခြင်းဆိုင်ရာ ဥပဒေများကို တွန်းအားပေးရန်၊ ဝင်ခွင့်ကန့်သတ်ချက်များကို အားကောင်းခိုင်မာစေရန်နှင့် ရွေးကောက်ပွဲစနစ်အား ကောင်းမွန်အောင်ပြုလုပ်ရေး ကြိုးပမ်းနေသည်ဟု တရားဝင်စာရွက်စာတမ်းကို ကိုးကား၍ အမေရိကန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ စနစ်သစ် ကောင်းမွန်အောင်ပြုလုပ်ရာတွင် မြို့တော်၏ အုပ်ချုပ်ရေးသည် မျိုးချစ်သူများ လက်ထဲတွင် လုံခြုံဘေးကင်းရေး သေချာစေရန်ဖြစ်သည်ဟုလည်း စာတမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံရေးကို အထူးပြုလေ့လာသည့် Heritage Foundation ၏ အာရှလေ့လာရေးစင်တာမှ လေ့လာသူ မိုက်ကယ် ကန်းနင်းဟန်က ရွေးကောက်ပွဲ အပြောင်းအလဲသည် မကာအိုအား တည်ထောင်လိုသော ပုံစံအတိုင်း ဖြစ်မလာအောင် လုပ်ဆောင်သည့် တရားဝင် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိစနစ်သည် တရုတ်အစိုးရကို လိုလားသည့် ပုံစံဖွဲ့တည်မှုအားကောင်းပြီးဖြစ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့ပြီး လာမည့်နှစ်များနှင့် ဆယ်စုနှစ်များအတွင်း လူထု၏ သဘောထား သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုများ မည်သို့ပင်ပြောင်းလဲသွားပါစေ အစိုးရအနေဖြင့် ယခုနည်းအတိုင်း ဆက်လက် ထားရှိစေလိုကြောင်း ကန်းနင်းဟန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly