ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၄၀ ရက်မြောက်ချီတက်

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၄၀ ရက်မြောက်ချီတက်

ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၄၀ ရက်မြောက်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ချီတက်ဆန္ဒပြကြသည်။

ယနေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၇နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မွေးနေ့ကိတ်ခွဲခြင်း အစီအစဉ်အား ကလေးများ အတွက် ပြုလုပ်ပေးခဲ့ပြီး ကြွေးကြော်သံများ ဟစ်ကြွေးကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required