ယင်းမာပင်မြို့နယ်တွင် Mytel တာဝါတိုင် ဖြိုချပြီး လက်နက်ကြီး ထုတ်လုပ်

By OAK
12 February 2022
ယင်းမာပင်မြို့နယ်တွင် Mytel တာဝါတိုင် ဖြိုချပြီး လက်နက်ကြီး ထုတ်လုပ်

ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ရှိ Mytel တာဝါတိုင်အား ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဆရာစံ-PDF အဖွဲ့က ဖြိုချဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါ Mytelတိုင်အား ဖြိုချဖျက်ဆီးပြီး တာဝါတိုင်မှ ရရှိသောကုန်ကြမ်းကို လက်နက်ပစ္စည်းထုတ်လုပ်ရန်အတွက် အလေအလွင့်မရှိစေရန် ထိထိရောက်ရောက်ပြန်လည် အသုံးပြုမည်ဟုလည်း သိရသည်။

"လက်နက်ပြန်လည် ထုတ်ဖို့အတွက် သံလုံးတွေက စျေးကြီးတော့ ဝယ်ဖို့မလွယ်တော့ဘူးလေ။ အဲ့တာကြောင့်တိုင်ကိုလှဲပြီး Mytel မမ ပြန်ထုတ်တာပါ"ဟု ယင်းအဖွဲ့က ပြောသည်။

ယခု ထုတ်လုပ်မည့် လက်နက်သည် အဝေး နှစ်မိုင်ခန့်ထိ ပစ်မှတ်ရောက်နိုင်သည့် လက်နက်အမျိုးအစားကိုထုတ်လုပ်ရန်အတွက် ဖြစ်သည်ဟုလည်း သိရသည်။

ယခုအသုံးပြုမည့် Mytelတိုင်နှင့် ဆိုလျှင် နှစ်တိုင်မြောက်ဖြိုချခဲ့ပြီ ဖြစ်ကြောင်း၊ ယခင်က Mytelတာ ၀ါတိုင်များကိုသာ ဖျက်ဆီးခဲ့သော်လည်း ပြန်လည်အသုံးမပြုခဲ့ကြကြောင်း၊ ယခုနှစ်တိုင်မြောက်ဖြိုချဖျက်ဆီးခြင်းမှာ လက်နက်ထုတ်လုပ်ရေးအတွက် အသုံးပြုသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly