အမေရိကန်အပေါ် တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၂ ၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးနေကြောင်း FBI ထုတ်ပြန်

အမေရိကန်အပေါ် တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၂ ၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးနေကြောင်း FBI ထုတ်ပြန်

အမေရိကန်ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဒါရိုက်တာ ခရစ္စတိုဖာရေးက ‘အမေရိကန်အတွင်း တရုတ်အစိုးရ၏ ခြိမ်းခြောက်မှုများအား တန်ပြန်တိုက်ခိုက်ခြင်း’ ခေါင်းစဉ်ဖြင့် မိန့်ခွန်းတွင် ပြောကြားရာတွင် အမေရိကန်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုသည် ယခင်ကထက် ပိုမိုဆိုးရွားလာသည်ဟု ပြောဆိုလိုက်သည်။

ပြဿနာမှာ တရုတ်အစိုးရသာဖြစ်ပြီး ၎င်း၏နိုင်ငံသားများမဟုတ်ကြောင်း ပြောခဲ့သည့် ဝေဖန်ရေးမိန့်ခွန်းကို အိုလံပစ်ပွဲမကျင်းပမီ ရက်ပိုင်းအလိုက ရေဂင်သမ္မတအိမ်တော်စာကြည့်တိုက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်သည် အမေရိကန်အား ပစ်မှတ်ထားကာ နေစဉ်နှင့်အမျှ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယခုအချိန်တွင် FBI သည် အမေရိကန်ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကို ခိုးယူရန် ကြိုးစားနေသည့် တရုတ်အစိုးရ၏ အမှုပေါင်း ၂ ၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ခရစ္စတိုဖာရေးက ပြောသည်။

အမေရိကန်သည် ရုရှားနှင့် ပဋိပက္ခဖြစ်လင့်ကစား တရုတ်နိုင်ငံသည် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေကာ အခြားနိုင်ငံအားလုံးထက်ပင် ပိုဆိုးကြောင်း ၎င်း၏မိန့်ခွန်းတွင် FBI ဒါရိုက်တာက ပြောသည်။

တရုတ်သည် ငွေကြေးအမြောက်အမြားသုံးစွဲကာ ခေတ်မီဆန်းပြားသောကိရိယာလက်နက်များလည်းရှိပြီး မကြာခဏဆိုသလို ဆိုက်ဘာရာဇဝတ်ကောင်များ စင်စစ်အားဖြင့် ဆိုက်ဘာ ကြေးစားသမားများနှင့် ပူးပေါင်းနေကြောင်း ရေးက ဆိုသည်။

တရုတ်သူလျှိုလုပ်ခြင်း၏ အကျိုးဆက်များကြောင့် တရုတ်ကုမ္ပဏီများ ရှေ့ရောက်ရုံသာမက အမေရိကန်အခြေစိုက် ကော်ပိုရေးရှင်းများမှာ နောက်ကျကျန်ရစ်နေကြောင်း FBI ဒါရိုက်တာက ပြောသည်။

တရုတ်အစိုးရအရာရှိများက FBI ၏ အစီရင်ခံစာများနှင့် စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ဆက်လက် ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly