တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုများကို ပစ်မှတ်ထားတန်ပြန်ရန် ဂျပန်အစိုးရက ကုမ္ပဏီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်မည်

တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုများကို ပစ်မှတ်ထားတန်ပြန်ရန် ဂျပန်အစိုးရက ကုမ္ပဏီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်မည်

ဆိုက်ဘာတိုက်ခိုက်မှုများကို တန်ပြန်ရန် အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံရပ်ခြားမှ ဆော့ဖ်ဝဲလ်များဝယ်ယူသည့်အခါ လုံခြုံရေးအရအကဲဆတ်သောကဏ္ဍများတွင် ကုမ္ပဏီများကို တင်းကျပ်စွာ တားမြစ်ရန် ဂျပန်က စဉ်းစားလိမ့်မည်ဟု ထင်ရှားသူများအဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီ ၁ရက်တွင် ထုတ်ပြန်သော အဆိုပြုချက်တွင် ဖော်ပြထားသည်။

ယင်းအဆိုပြုချက်သည် အကဲဆတ်သော နည်းပညာများ ပေါက်ကြားမှုကို တားဆီးရန်နှင့် ပိုမိုခံနိုင်ရည်ရှိသော ထောက်ပံ့ရေး ကွင်းဆက်များ တည်ဆောက်ခြင်းကဲ့သို့သော ဂျပန်၏ စီးပွားရေးလုံခြုံရေးကို အဓိကအားဖြင့် တရုတ်၏ တိုက်ခိုက်ခြင်းမှ ခုခံကာကွယ်ရန် ဝန်ကြီးချုပ် ဖူမီအို ကီရှစ်ဒါ၏ လုပ်ဆောင်ချက် တစ်စိတ် တစ်ပိုင်းဖြစ်သည်။

ယင်းအဆိုပြုချက်တွင် ဆော့ဖ်ဝဲလ်အဆင့်မြင့်မွမ်းမံခြင်း သို့မဟုတ် စက်ကိရိယာအသစ်များဝယ်ယူသည့်အခါတွင် ကြိုတင်သတင်းအချက်အလက်များပေးရန် ကုမ္ပဏီများအား အစိုးရက အမိန့်ပေးနိုင်စေမည့် ဥပဒေ တစ်ရပ် ရေးဆွဲရန် အကြံပြုထားသည်။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်သည် စွမ်းအင်၊ ရေပေးဝေရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဘဏ္ဍာရေးနှင့် သယ်ယူပို့ဆောင်ရေးစသည့် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသော လုပ်ငန်းများတွင် ကုမ္ပဏီများနှင့် အဓိက သက်ဆိုင်မည်ဟု အဆိုပြုချက်တွင် ဖော်ပြထားသည်။

“ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အရှိန်အဟုန်ကြောင့်၊ အရေးကြီးသော အခြေခံ အဆောက်အအုံများ အပါအဝင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးနီးပါးသည် ဆိုက်ဘာ တိုက်ခိုက် မှုများ၏ ပစ်မှတ်များဖြစ်နေသည်” ဟု ဘုတ်အဖွဲ့မှ အရေးတကြီး ဥပဒေကြောင်းအရ လိုအပ်ပုံကို ရှင်းလင်း ပြောကြားရာတွင် ပြောကြားခဲ့သည်။

"မည်သည့်စည်းမျဉ်းမဆို စီးပွားရေးဆောင်ရွက်မှုကို အလွန်အကျွံ မကန့်သတ်ထားရန် အရေးကြီးသည်" ဟုလည်း ယင်းက ဆိုသည်။

ပညာရှင်အဖွဲ့၏ အဆိုပြုချက်သည် အစိုးရက ဖေဖော်ဝါရီနှောင်းပိုင်းတွင် လွှတ်တော်သို့ တင်သွင်းမည့် ဥပဒေပြုရေးလမ်းကြောင်းတစ်ခုဖြစ်သည်။

အမေရိကန်နှင့် ဂျပန်တို့ အပါအဝင် အဆင့်မြင့် စီးပွားရေးနိုင်ငံများသည် မကြာသေးမီက ရုရှား၊ တရုတ်တို့နှင့် ဆက်စပ်နေသော ဆိုက်ဘာတိုက်ခိုက်မှု အများအပြားကို ရင်ဆိုင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly