သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ပျူစောထီးအဖွဲ့ ဆက်ကြေးကောက်ခံ

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ပျူစောထီးအဖွဲ့ ဆက်ကြေးကောက်ခံ

ဖေဖော်ဝါရီလ ၁၀ ရက်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ဥယျာဉ်ခြံနှင့် ရော်ဘာခြံ လုပ်ကိုင်နေသည့် ဒေသခံများထံမှ တစ်ဦး ၅၀၀၀ ကျပ်ဖြင့် စော်ဖျားပြည်သူ့စစ် အမည်ခံ ပျူစောထီးအဖွဲ့က ဆက်ကြေး ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

"ရွာမှာက ပျူစောထီးအဖွဲ့က တပ်စွဲထားပါတယ်၊ ဒေသခံတွေက အလုပ်လုပ်လို့ မရဘူး၊ ဥယျာဉ်ခြံနဲ့ ရော်ဘာခြံတွေထဲမှာ လူရိပ်မြင်ရင် ပစ်မယ်ပြောတယ်၊ မပစ်ခံထိချင်ရင် လူတစ်ယောက်ကို ၅၀၀၀ ပေးရမယ်" ဟု စော်ဖျားကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

ခြိမ်းခြောက်မှုကြောင့် ဥယျာဉ်ခြံနှင့် ရော်ဘာခြံ လုပ်ကိုင်သူ တစ်ဦး ၅၀၀၀ ကျပ်နှုန်း၊ မိသားစု လေးဦးရှိပါက ၂၀၀၀၀ ကျပ် ပေးရကြောင်း ဒေသခံများထံမှ သိရသည်။

စော်ဖျားကျေးရွာတွင် တပ်စွဲထားသော ပျူစောထီးအဖွဲ့သည် ယင်းကျေးရွာမှ အခြားရွာများသို့ သွားလာသည့် လမ်းများကို ပိတ်ဆို့ထားသည်မှာ သုံးလကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required