ဂယ်ရီလိုင်နီကာနဲ့ ကွာရှင်းလိုက်တဲ့ ဒန်နီရယ်လီ

ဂယ်ရီလိုင်နီကာနဲ့ ကွာရှင်းလိုက်တဲ့ ဒန်နီရယ်လီ
(ဓာတ်ပုံ - အီးပီအေ)

ဒန်နီရယ်လီဟာ အင်္ဂလန်ဘောလုံးသမားဟောင်းနဲ့ ဘောလုံးသုံးသပ်သူ ဂယ်ရီ လိုင်နီကာနဲ့ ခြောက်နှစ်ကြာ အိမ်ထောင် သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ကွာရှင်းပြတ်စဲလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ မိသားစုအရေးကိစ္စနဲ့ ပတ်သက်ပြီး သဘောထား မတိုက်ဆိုင်ရာက လမ်းခွဲကြဖို့ အထိဖြစ်လာခဲ့တာပါ။

အီတလီမှာ ၂၀ဝ၉ တုန်းက လက်ထပ်ခဲ့ကြတဲ့ အင်္ဂလန်ဘောလုံးသမားဟောင်းနဲ့ မင်းသမီးတို့ရဲ့ ဇာတ်လမ်းဟာ အံ့ဩသင့်စရာ သတင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ရပါတယ်။ အသက် ၃၆ နှစ် အရွယ်ရှိတဲ့ ဒန်နီရယ်လီက ကလေးလိုချင်တာကို အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး အရင်ဇနီးနဲ့ ကလေး ၄ ယောက် ရှိထားတဲ့ လိုင်နီကာက နောက်ထပ်ကလေးယူဖို့ အသက်ကြီးနေပြီလို့ဆိုကာ ငြင်းဆန်ခဲ့တဲ့အတွက် အခုလိုလမ်းခွဲဖို့ဖြစ်လာရတာလို့ ယူဆရပါတယ်။

သူတို့နှစ်ဦးကို လန်ဒန်မှာ ညဘက် အတူတကွ တွေ့ကြရပြီးနောက်ရက်မှာ ကွာရှင်းတဲ့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အိမ်ခွဲနေခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကွာရှင်းပြတ်စဲပြီးပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းကို တည်ဆောက်သွားဦးမယ်လို့ နှစ်ဦးလုံးက ဆိုခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly