၂၀၂၀ပြည့်နှစ်က အိန္ဒိယနှင့် ဖြစ်ပွားခဲ့သည့် ဂယ်လ်ဝမ်တောင်ကြားတိုက်ပွဲတွင် တရုတ်စစ်သား သေဆုံးသည့်အရေအတွက် တရားဝင်ထုတ်ပြန်ချက်ထက် ပိုများနိုင်

၂၀၂၀ပြည့်နှစ်က အိန္ဒိယနှင့် ဖြစ်ပွားခဲ့သည့် ဂယ်လ်ဝမ်တောင်ကြားတိုက်ပွဲတွင် တရုတ်စစ်သား သေဆုံးသည့်အရေအတွက် တရားဝင်ထုတ်ပြန်ချက်ထက် ပိုများနိုင်

၂၀၂၀ပြည့်နှစ် ဂယ်လ်ဝမ်တောင်ကြားတိုက်ပွဲတွင် တရုတ်၏ ဆုံးရှုံးမှုသည် တရားဝင်သတင်းပေးပို့သည်ထက် ပိုများနိုင်ပြီး စစ်သားအများအပြားသည် အမှောင်ထုအတွင်း သုညအောက်အေးနေသော လျင်မြန်စွာ စီးဆင်းနေသည့် မြစ်ကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး သြစတြေးလျသတင်းစာက ဖေဖော်ဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။

လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သုတေသီများနှင့် တရုတ်မှ ဘလော့ဂါများ၏ တွေ့ရှိချက် များကို Klaxon က ကိုးကားပြီး ၎င်းတို့၏ တွေ့ရှိချက်သည် ဖြစ်စဉ်မှန်ကို သိရှိစေခဲ့သည်ဟု ဆိုသည်။

"အသေအပျောက်အရေအတွက်နှင့်ပတ်သက်၍ တရုတ်၏ ထုတ်ပြန်ချက်များသည် အသစ်အဆန်းမဟုတ်သော်လည်း The Klaxon က လွတ်လပ်စွာ ဖွဲ့စည်းထားသော လူမှုမီဒီယာသုတေသီအုပ်စုမှ သက်သေအထောက်အထားများအရ တရုတ်အစိုးရက ဖော်ပြထားသည့် တပ်သား ၄ ဦးထက် ကျော်လွန်နေသည်ဟူသော အချက်ကို အတည်ပြုနိုင်သကဲ့သို့ ဖြစ်သည်" ဟု သတင်းစာကဆိုသည်။

"အိန္ဒိယနှင့် ၂၀၂၀ပြည့်နှစ်က ဖြစ်ပွားခဲ့သော မြင့်မားသော ဂယ်လ်ဝမ်တောင်ကြားနယ်စပ်တိုက်ပွဲသည် ဆယ်စုနှစ် ၄ ခုအတွင်း နိုင်ငံ ၂ခုအကြား အအသေအပျောက်အများဆုံး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့ပြီး စစ်သားအများအပြားသည် အမှောင်ထုအတွင်း သုညအောက်အေးနေသော လျင်မြန်စွာ စီးဆင်းနေသည့် မြစ်ကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ခြင်းကြောင့် သတင်းရရှိသည်ထက် တရုတ်ဘကက် သေဆုံးနှုန်း ပို များမြင့်မားကြောင့် သုတေသနပြုချက်အသစ်များက ဖော်ပြနေသည်” ဟု သတင်းက ဆိုသည်။

၂၀၂၀ပြည့်နှစ် ဇွန်လ ၁၅ရက်တွင် ဂယ်လ်ဝမ်တောင်ကြားတိုက်ပွဲများဖြစ်ပွားပြီးနောက် လာဒတ်ခ်အရှေ့ဘက် နယ်စပ်မျဉ်အရေးသည် အရေးပါလာသည်။

ဆယ်စုနှစ်များစွာအတွင်း နှစ်ဘက်အကြား အဆိုးရွားဆုံး စစ်ရေးပဋိပက္ခဟု အမှတ်အသားပြုထားသည့် ထိပ်တိုက်တွေ့ဆုံမှုများတွင် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ အသက်ဆုံးရှုံးခဲ့သည်။

အိန္ဒိယစစ်တပ်နှင့် တိုက်ပွဲများအတွင်း တရုတ်စစ်တပ်မှ အရာရှိနှင့် စစ်သား ၅ ဦး ကျဆုံးခဲ့ကြောင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်က တရားဝင် အသိအမှတ်ပြုခဲ့သော်လည်း သေဆုံးသူ အရေအတွက်မှာ ပိုမိုများပြားသည်ဟု ယုံကြည်ထားသည်။

“ဂယ်လ်ဝမ် လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် လူမှုမီဒီယာသုတေသီအဖွဲ့မှ ပြင်ဆင်ထားသည့် အစီရင်ခံစာကို Klaxon က ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly