၀န်ထမ်းများတွင် COVID-19 ရောဂါပိုးတွေ့သဖြင့် က.ည.န ရုံးများ ပိတ်ဖွယ်ရှိ

၀န်ထမ်းများတွင် COVID-19 ရောဂါပိုးတွေ့သဖြင့် က.ည.န ရုံးများ ပိတ်ဖွယ်ရှိ

ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်း အတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က.ည.န ရုံး ဝန်ထမ်းများတွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် လာမည့် တနင်္လာနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ခေတ္တ ပိတ်ရန် စီစဉ်နေကြောင်း အဆိုပါရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“ရုံးထဲက ဝန်ထမ်းတွေမှာ ကိုဗစ်ပိုးတွေ့တာ၊ တောင်ဒဂုံရုံးနဲ့ မြင်သာရုံး။ မနက်ဖြန် ဆိုရင်တော့ ထိစပ်ခဲ့တဲ့ သူတွေနဲ့ ဝန်ထမ်းတွေ အကုန်လုံးကို စစ်မယ်ပြောတယ်။ ဝန်ထမ်းတွေ ပိုးအဖြေထွက်မှ ပိတ်ဖို့ စီစဉ်မယ် ထင်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ က.ည.န ရုံး ဝန်ထမ်း အချို့တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က COVID-19 တွေ့ရှိခဲ့ကြောင်း ကျန်ဝန်ထမ်းများကို စစ်ဆေးပြီး ရလဒ်ကြည့်၍ ရုံးယာယီပိတ်ရန် စီစဉ်နိုင်ကြောင်း သတင်းရင်းမြစ်က ဆက်ပြောသည်။

“ဒီနေ့က ရုံးတွေ ပိတ်မယ်ဆိုပြီး အသံထွက်လာတာ။ ပိုးတွေ့တာက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကလေ။ မနက်ဖြန်တော့ အကုန်လုံးကို စစ်ဆေးပြီးရင် သူတို့ပိတ်ဖို့တွေ စီစဉ်တော့မယ် ထင်တယ်” ၎င်းကပြောသည်။

ရန်ကုန်တိုင်းတွင် COVID-19 အတည်ပြု လူနာသစ် ၁၀၄၃ ဦးရှိပြီး ပိုးတွေ့ ရာခိုင်နှုန်း ၄ ဒသမ ၃၉ ရှိကြောင်း ဖေဖော်ဝါရီ ၉ ရက် ည ၈ နာရီတွင် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required