ပါကစ္စတန်ရှိ လူနည်းစုအခွင့်အရေးကိစ္စကို တောင်းဆိုရန် ကနေဒါတွင် ခရီးရှည်ချီတက်ဆန္ဒပွဲ ပြုလုပ်မည်

ပါကစ္စတန်ရှိ လူနည်းစုအခွင့်အရေးကိစ္စကို တောင်းဆိုရန် ကနေဒါတွင် ခရီးရှည်ချီတက်ဆန္ဒပွဲ ပြုလုပ်မည်

ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးနှင့် မျိုးနွယ်စုဆိုင်ရာ လူနည်းစုများ၏ ကြီးလေးသော လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာကိစ္စရပ်များနှင့်ပတ်သက်၍ လူအများသိရှိစေရန် ရည်ရွယ်ပြီး ယခုနှစ် မေလတွင် ကနေဒါနိုင်ငံ၌ ခရီးရှည် လမ်းလျှောက်ချီတက်မှုတစ်ခုကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Sindhi Foundation က ကြေညာထားသည်။

အဆိုပါ အဖွဲ့အစည်းအနေဖြင့် တိုရွန်တိုမြို့မှ အော့တဝါမြို့အထိ ၄၂၄ ကီလိုမီတာ ခရီးကို ၁၉ ရက် ခရီးရှည်အဖြစ် မေလ ၂၈ ရက်မှ ဇွန်လ ၁၅ ရက်အထိ လမ်းလျှောက်ရန် စီစဉ်ထားသည်။

ကနေဒါ ဆင်းဒ်တိုင်းရင်းသား အစည်းအရုံး (CANSA) ၊ ကမ္ဘာလုံးဆိုင်ရာ ဆင်းဒ်တိုင်းရင်းသား ကွန်ဂရက် (WSC) ၊ ဘာလို့ချ် အမေရိကန် ကွန်ဂရက် (BAC) နှင့် နိုင်ငံတကာ ဆာရိုင်ကီ ကွန်ဂရက် တို့က ကနေဒါ၌ ဆင်းဒ် ဖောင်ဒေးရှင်း၏ ခရီးရှည် လမ်းလျှောက်မည့် အစီအစဉ်ကို အပြည့်အဝ အားပေးထောက်ခံသွားမည် ဖြစ်သည်။

“ပါကစ္စတန်အစိုးရဟာ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် တာလီဘန်၊ အစွန်းရောက်ဝါဒီတွေနဲ့ တရုတ်တို့ကို ပွင့်ပွင့်လင်းလင်း ထောက်ခံနေပါတယ်” ဟု ဖောင်ဒေးရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး ဆူဖီ လက်ဂ်ဟာရီက ပြောခဲ့သည်။

ဆူဖီသည် ၎င်းတို့၏ ခရီးရှည် ချီတက်မှုအတွက် ထောက်ခံမှုရရှိရန် လူ့အခွင့်အရေး အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly