ခရစ်ယာန်တရားဟောဆရာကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ၃ဦးက ဓားပြတိုက်

ခရစ်ယာန်တရားဟောဆရာကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ၃ဦးက ဓားပြတိုက်

မုံရွာ၊ ဇန်နဝါရီ ၁၅။          ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ခရစ်ယာန်တရားဟောဆရာတစ်ဦးအား ဇန်နဝါရီ ၁၄ရက် ည ၇နာရီခန့်က မျက်နှားဖုံးစွပ် လူ ၃ဦးမှ လက်နက်ကိုင်ကာ ဓါးပြတိုက်ခံခဲ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

တမူးမြို့၊ နန့်မွန်းတောရွာနေ အသက် ၇၃ နှစ်အရွယ် ခရစ်ယာန်တရားဟောဆရာ ဦးလျန်ခန်ဟောက်၏ နေအိမ်အောက်ထပ်အတွင်းသို့ မျက်နှာဖုံးစွပ်ထားသည့် လူ သုံးဦး ဝင်ရောက်လာကာ လက်နက်ပြ ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်သူ သုံးဦးက မီးဖိုဆောင်အပြင်ဘက်တွင် ထိုင်နေသည့် ၎င်း၏ ဇနီးကိုလည်း ဓားဖြင့်ခုတ်ခဲ့ပြီး မီးဖိုဆောင်အတွင်းရှိ သမက်ဖြစ်သူကို ထွက်မလာစေရန် တခါးအား ပိတ်လှောင်ထားခဲ့ သည်ဟု ဆိုသည်။

ထို့ပြင် နေအိမ်အောက်ထပ်တွင် မီးလှုံနေသော တရားဟောဆရာ၏ သမီးအား တူးမီးသေနတ်ရှည် ကိုင်ထားသော လူတစ်ဦးမှ လက်နက်ပြခြိမ်းခြောက်၍ အလေးချိန် (၁)ပဲ(၁)ရွေးခန့်ရှိ ရွှေလုံး(၂)လုံးပါ   ရွှေလက်စွပ်(၁)ကွင်းကို ယူဆောင်သွားပြီး ဦးလျန်ခန်ဟောက်ထံမှ NOKIA S2 လက်ကိုင်ဖုန်း(၁)လုံးအား ယူဆောင်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဓားပြတိုက် အကြမ်းဖက်မှုကြောင့် ဦးလျန်ခန်ဟောက်တွင် ဘယ်ဘက်ရင်ညွှန့်အောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဘယ်လက်မောင်း ပြတ်ရှဒဏ်ရာ(၁)ချက်၊ ညာဘက်ပေါင်အတွင်းခြမ်း ထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိခဲ့ပြီး ဇနီးသည်၏ ဘယ်ဂျိုစောင်းပြတ်ရှဒဏ်ရာ (၁)ချက် ရရှိခဲ့သည်ဟု မှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းဓားပြမှုကို စုံစမ်းဖော်ထုတ်ပေးရန် ဦးလျန်ခန်ဟောက်၏ အကိုက တိုင်တန်းခဲ့သောကြောင့် သက်ဆိုင်ရာ တမူးမြို့မရဲစခန်း(ပ)၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၄ အရ အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းလျှက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly