တရုတ်နယ်စပ်၌ ကုန်တင်ကားများ ကြန့်ကြာနေခြင်းကြောင့် ဟောင်ကောင်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်

တရုတ်နယ်စပ်၌ ကုန်တင်ကားများ ကြန့်ကြာနေခြင်းကြောင့် ဟောင်ကောင်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်

တရုတ်နယ်စပ်တွင် ယာဉ်မောင်း ၂ ဦး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိပြီးနောက် ရာနှင့်ချီသော ကုန်တင်ကားများ နယ်စပ်တွင် ပိတ်မိနေခဲ့ကာ ဟောင်ကောင်တွင် ဟင်းသီးဟင်းရွက်ဈေးများ မြင့်တက်သွားသည်။

နယ်စပ်ဖြတ်ကျော်ကုန်တင်ယာဉ်မောင်း ၆၀ ကျော်ကို တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်နယ်စပ်ရှိ သီးသန့်ခွဲ ထားသည့် ဟိုတယ်တစ်ခုတွင် ဖေဖော်ဝါရီ ၆ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသည်အထိ ထွက်ခွာခွင့် တားမြစ်ထားကြောင်း Hong Kong Free Press က ဖော်ပြသည်။

ယင်းကဲ့သို့ တွေ့ရှိခြင်းကြောင့် မန်ခန်တို နယ်စပ်ထိန်းချုပ်ရေးဂိတ်ကို ပြီးခဲ့သည့်သီတင်းပတ်ကုန်က ၂ ကြိမ်ပိတ်ခဲ့ရပြီး ကုန်စည်များလည်း နှောင့်နှေးခဲ့ရသည်။

ဖေဖော်ဝါရီ ၇ရက် နံနက်တွင် ထရပ်ကားအစီးရေ ၇၀ မှ ၈၀ ကြား ဟောင်ကောင်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ဟောင်ကောင်မှ တင်သွင်းသော ဟင်းသီးဟင်းရွက် လက်ကားရောင်းချသူများအသင်းဥက္ကဌ ယန်ချန်က ပြောကြားသည်။

ဟင်းသီးဟင်းရွက်ဈေးရောင်းချသူများတွင် ပစ္စည်းမလုံလောက်ခြင်းကြောင့် စားသုံးသူများသည် ဖေဖော်ဝါရီ ၇ရက်တွင် ဟင်းသီးဟင်းရွက်အမျိုးမျိုးအတွက် ဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ ပိုပေးရကြောင်း ယန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly