Quad အဖွဲ့ဝင် ၄ နိုင်ငံ၏ ဝန်ကြီးများအစည်းအဝေးကို ဩစတြေးလျ လက်ခံကျင်းပမည်

Quad အဖွဲ့ဝင် ၄ နိုင်ငံ၏ ဝန်ကြီးများအစည်းအဝေးကို ဩစတြေးလျ လက်ခံကျင်းပမည်

အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် သြစတြေးလျသို့ ဖေဖော်ဝါရီလ အတွင်း လာရောက်မည်ဟု မျှော်လင့်ထားကြောင်း သြစတြေးလျအစိုးရက ဇန်နဝါရီ ၃၁ရက်တွင် သတင်းထုတ်ပြန်သည်။

ဥရောပတွင် ရုရှားနှင့် ယူကရိန်းအရေး တင်းမာမှုများ အရှိန်မြှင့် နေသလို အမေရိကန် အစိုးရကလည်း တရုတ်နှင့် ပတ်သက်၍ သတိထားနေချိန်တွင် ‘၄ နိုင်ငံလုံခြုံရေး ညှိနှိုင်းမှုအဖွဲ့ (Quad)’ ၏ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဘလင်ကန်သည် တရုတ်အစိုးရသည် ယခင်ဆယ်စုနှစ်များထက် ပိုမို မာန်ထောင် ရန်လိုနေကြောင်းနှင့် အမေရိကန်-တရုတ် ဆက်ဆံရေးသည် ရန်ဘက်ပိုပြီး ဆန်လာသည်ဟု ဘလင်ကင်က ဟု ဝေဖန်ပြောကြားလိုက်သည်။

တရုတ်သည် ယခင်က Quad ကို စစ်အေးခေတ်တည်ဆောက်ပုံအဖြစ် ရှုတ်ချပြီး အခြားနိုင်ငံများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အယူအဆဟောင်းတစ်ခုဖြစ်ကြောင်း ဆိုသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီဆဲလ် ပန်နီက တွေ့ဆုံမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း လာမည့်သီတင်းပတ်များအတွင်း သြစတြေးလျနိုင်ငံသို့ Quad နိုင်ငံခြားရေးဝန်ကြီးများကို ကြိုဆိုရန် မျှော်လင့်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ ခရီးသွားလာမှုဆိုင်ရာ ကပ်ရောဂါ ကန့်သတ်ချက်များကြောင့် Quad အစည်းအဝေးကို ယခင်က အွန်လိုင်းကသာ ကျင်းပနိုင်သည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာက ဇန်နဝါရီ ၂၇ ရက်က တွစ်တာတွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း ရေးသားခဲ့သည်။

သြစတြေးလျတာဝန်ရှိသူများက ဖေဖော်ဝါရီ အစည်းအဝေး ကျင်းပချိန်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြန်လည်ကောင်းမွန်လာမည်ကို မျှော်လင့်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly