ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ၅ ကြိမ် တိုက်ခိုက်ခံရ

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ၅ ကြိမ် တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၉

ရွှေဘိုမြို့နယ်၊ ဘီးလုံးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့အား ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နံနက် ၁၁ နာရီမှ စတင်ကာ ညနေ ၃ နာရီအထိ ငါးကြိမ်တိုင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြောက်ပျားတပ်ဖွဲ့က ပြောသည်။

"တပ်စွဲထားတာ တစ်နှစ်နီးပါးတော့ ကြာပြီ။ အင်အားက စစ်ကောင်စီနဲ့ ပျူစောထီး ၄၀ လောက်တော့ရှိတယ်၊ အမြဲတမ်းတော့ အပြောင်းအလဲ လုပ်နေတာ၊ သေဆုံးမှုကိုတော့ အတိအကျ မပြောနိုင်ဘူး" ဟု People Defence Force-Shwebo အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုကို SNAKE EYES- PDF ၊ C&T (Shwebo) ၊ Fighter One ၊ People Defense Force-Shwebo နှင့် ပ.က.ဖ အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အတွင်းရှိ Mytel တာဝါတိုင်အား ဖောက်ခွဲ ဖျက်ဆီးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required