ကိုဗစ်လုံးဝအဖြစ်မခံသည့် မူဝါဒအောင်မြင်ရေးသည် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များအတွက် ဂုဏ်သိက္ခာပြဿနာ တစ်ရပ်ဖြစ် နေ

ကိုဗစ်လုံးဝအဖြစ်မခံသည့် မူဝါဒအောင်မြင်ရေးသည် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များအတွက် ဂုဏ်သိက္ခာပြဿနာ တစ်ရပ်ဖြစ် နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မှ မကြိုးစားခဲ့ဖူးသော ဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအစဉ် အောင်မြင်မှုအတွက် ယင်း၏ လုပ်နိုင်စွမ်းကို လောင်းကြေးထပ်ရမည့်ပုံပေါ်နေသည်။

လာမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ကိုဗစ်ကင်းစင်ရေးအတွက် မည်သည့်ပေးဆပ်ရမှုမျိုးကိုမဆို ပေးဆပ်ရန် ရည်ရွယ်ထားသည်။

တစ်ကမ္ဘာလုံးက တရုတ်ကို ပစ်မှတ်ထားပြီး ဝူဟန်ဓာတ်ခွဲခန်းမှ ကိုဗစ်ဗိုင်းရပ်စ်တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည့် အတွက် တာဝန်ယူရမည်ဟူသော ပြောကြားချက်များရှိနေသည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလကာလ အခြေအနေများ ထပ်တလဲလဲပြန်ဖြစ်ရန် သမ္မတ ရှီကျင့်ဖျင်က မလိုလားပေ။

မြို့တော်ပေကျင်းသည် လူသူကင်းမဲ့နေပြီး လုံခြုံရေးနှင့် ကျန်းမာရေးဝန်ထမ်းများသာ သွားလာနေကြသည်။

မိုင်နှင့်ချီသော သတ္ထုခြံစည်းရိုးများနှင့် အစောင့်ဂိတ်များက မြို့ကြီးကို သတ္ထုဝင်္ကပါတစ်ခုကဲ့သို့ ပြောင်းလဲလိုက် သောကြောင့် သာမာန်လူများအတွက် မည်သည့်နည်းလမ်းနှင့်မျှ မရနိုင်သည့် တရားဝင် ကိုဗစ်ဖြတ် သန်း ခွင့်ဖြင့်သာ ညှိနှိုင်းဝင်ရောက်နိုင်မည်ဖြစ်သည်။

ပေကျင်းမြို့ ဆင်ခြေဖုံးရှိ အချို့သောနေရာများအပါအဝင် နိုင်ငံအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု မြင့်မားသော Omicron မျိုးကွဲများ အရှိန်အဟုန်ဖြင့် ကူးစက်နေချိန်တွင် ကစားသမားများ၊ နည်းပြများ၊ ဒိုင်များ၊ အရာရှိများ၊ မီဒီယာများနှင့် ပံ့ပိုးရေး ဝန်ထမ်းများ စသည့် လူထောင်ပေါင်းများစွာသည် ပေကျင်းမြို့တော်သို့ တဖွဲဖွဲ ရောက်လာကြသည်။

တရုတ်ကွန်မြူနစ်ပါတီက အိုလံပစ် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို တိုက်ရိုက်ကြီးကြပ်နေသည်။ အားကစားနယ်မြေတစ်ခုလုံးကို အတွင်းဘက်မှ ပိတ်ထားသည်။

ပေကျင်း၏ ကျန်အစိတ်အပိုင်းများကို အားကစားဧရိယာနှင့် ဖြတ်တောက်ပစ်သည့် ပူဖောင်းကို တာဝန်ရှိသူများက ယင်းအား ကွင်းဆက်ဖြတ်သည့်စနစ်ဟု ခေါ်သည်။

အိုလံပစ်ပြိုင်ပွဲ ကျင်းပသည့် နယ်မြေအတွင်းသို့ ရောက်ရှိလာသူများသည် နှာခေါင်းစည်းများ အချိန်ပြည့် ဝတ်ဆင်ထားရမည်ဖြစ်ပြီး ကိုဗစ်အတွက် စစ်ဆေးမှုကို နေ့စဉ်ခံယူရမည်ဖြစ်သည်။ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိပါက ကစားပြိုင်ပွဲများမှ ချက်ချင်းဖယ်ရှားလိမ့်မည်ဖြစ်သည် ။

ရောဂါလက္ခဏာပြသူများကို သတ်မှတ်ဆေးရုံသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ပြီး လက္ခဏာ မပြသည့် လူနာများကို သီးခြားခွဲထားမည်ဖြစ်သည်။ ၎င်းတို့သည် ပြိုင်ပွဲကျင်းပသည့် နယ်မြေသို့ ပြန်လာခွင့်ပြုမည်မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required