တရုတ်က လွှတ်တင်ရန် စီစဉ်ထားသည့် ဂြိုဟ်တု ၁၃,ဝဝဝ ဖြင့် သူလျှိုလုပ်မည်ကို စိုးရိမ်စရာဖြစ်နေ

တရုတ်က လွှတ်တင်ရန် စီစဉ်ထားသည့် ဂြိုဟ်တု ၁၃,ဝဝဝ ဖြင့် သူလျှိုလုပ်မည်ကို စိုးရိမ်စရာဖြစ်နေ

ကမ္ဘာမြေပတ်လမ်းနိမ့်ပိုင်းတွင် လွှတ်တင်ရန် စီစဉ်နေသည့် SpaceXStarlink ကဲ့သို့ ဂြိုဟ်တု ၁၃,ဝဝဝ စီမံကိန်းဖြင့် တရုတ်က လျှို့ဝှက်ထောက်လှမ်းမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ကွန်ရက်အစီအစဉ်သည် တရုတ် 5G မိုဘိုင်းလ်အင်တာနက် ဖြန့်ချိမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ချုံချင်းမြို့တွင် ဖွံ့ဖြိုးရေး လုပ်ငန်း စတင်ရန် ပထမဆုံးသော ကုမ္ပဏီများနှင့် စာချုပ်များ ချုပ်ဆိုထားသည်။

ကွန်ရက်က မည်သို့ လွှမ်းခြုံမည် သို့မဟုတ် မည်သို့လုပ်ဆောင်မည်ဆိုသည်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များမှာ မသိရသေးသော်လည်း ရည်ရွယ်ချက်မှာ ကုန်းတွင်းဆက်သွယ်ရေးတွင် လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်နှင့် ကျေးလက်ဒေသများကို ဝန်ဆောင်မှုပေးရန်ဖြစ်သည်။

ကမ္ဘာကို မျက်နှာချင်းဆိုင်ထားသည့် ဂြိုဟ်တုများ၏ ဂြိုဟ်တုအစုအဝေးအတွက် အသုံးပြုမည့်အရာများ အပါအဝင် အာကာသအတွင်း တရုတ်၏ မည်သည့်လှုပ်ရှားမှုမဆို လုံခြုံရေး ကျွမ်းကျင်သူများအကြား စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

အင်တာနက်ဂြိုဟ်တုအစုအဝေးများထားရှိခြင်းသည် တရုတ်အစိုးရအတွက် ထိပ်တန်းစီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်တွင်သာမက အနောက်တိုင်းဆက်သွယ်ရေးကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်ကာ ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ဂြိုဟ်တုအစုအဝေးဆိုသည်မှာ ရာနှင့်ချီသော ဂြိုဟ်တုများမှ ထောင်နှင့်ချီသော ဂြိုဟ်တုများအထိ ဖွဲ့စည်းထားပြီး ကမ္ဘာ့မျက်နှာပြင်အထက် မိုင်ရာဂဏန်း အကွာအဝေးတွင် လည်ပတ်နေသော ကမ္ဘာ့ဧရိယာအားလုံးကို လွှမ်းခြုံကာ အင်တာနက် ဝန်ဆောင်မှုများ ပေးဆောင်ရန် ဖြစ်သည်။

သို့သော် တရုတ်နှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေးသည် လက်ရှိတွင် ဆက်ဆံရေး အလွန်အေးစက်နေပြီး ကိုဗစ်-၁၉ဖြစ်ပွားမှု အရေးပေါ်အခြေအနေကို ဖုံးကွယ်ထားသည့် ဒေါသအရှိန်ကြောင့် ဆက်လက် တင်းမာနေသည်။

ဂြိုဟ်တုအများအပြားလွှတ်တင်လိုက်ခြင်းက အမေရိကန်နှင့် မဟာမိတ်များအပေါ် သူလျှိုလုပ်မှာကို စိုးရိမ်မှုများ မြင့်မားလာစေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly