စစ်ကောင်စီမှ ပြုလုပ်မည့် ထာဝရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ညီနောင်မဟာမိတ် AA, TNLA, MNDAA တို့ မတက်ရောက်

စစ်ကောင်စီမှ ပြုလုပ်မည့် ထာဝရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ညီနောင်မဟာမိတ် AA, TNLA, MNDAA တို့ မတက်ရောက်

ဖေဖော်ဝါရီလ ၈ ရက်

ထာဝရ ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ စစ်ကောင်စီမှ ပြုလုပ်မည့့် ဆွေးနွေးပွဲသို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းတပ်မတော် (TNLA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

လာမည့့် ဖေဖော်ဝါရီလ ၁၂ ရက်၌ ကျရောက်မည့့် (၇၅) ကြိမ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် အဆိုပါ ဆွေးနွေးပွဲကို ပြုလုပ်ရန် စစ်ကောင်စီက စီစဥ်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆီကို တရားဝင် စာပို့လာတာလည်း မရှိဘူး။ ကျွန်တော်တို့ တက်ရောက်မှာလည်း မဟုတ်ဘူး” ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနသို့ ပြောဆိုထားသည်။

အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့့် အဖွဲ့စည်းမှလွှဲကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ် ရေးထိုးထားသည့့် လက်နက်ကိုင်အဖွဲ့စည်းနှင့် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့့် အဖွဲ့အစည်းများကို ထာဝရ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

ကရင်တပ်မတော် KNU, DKBA, KNU-KNLA/PC၊ သျှမ်း (RCSS)၊ ရခိုင် (ALP)၊ ပအိုဝ်း (PNLO)၊ ချင်း (CNF)၊ ကျောင်းသား (ABSDF)၊ မွန် (NMSP)နှင့် လားဟူ (LDU)တို့ (၁၀)ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည်။

ဝ UWSA, WNO၊ ကချင် (KIA)၊ မိုင်းလား (NDAA)၊ ရှမ်း (SSPP)၊ တအာင်း (TNLA)၊ ရခိုင် (AA)၊ ကိုးကန့် (MNDAA)၊ ကရင်နီ (KNPP)နှင့် နာဂတို့သည် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required