“ညီညွတ်မှ ပြည်သစ်ရမယ်” ဆိုသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

“ညီညွတ်မှ ပြည်သစ်ရမယ်” ဆိုသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၃၅ ရက်မြောက်နေ့အဖြစ် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ချီတက်ဆန္ဒပြကြသည်။

“ညီညွတ်မှ ပြည်သစ်ရမယ်” ဆိုသည့် စာတန်းအားကိုင်စွဲ၍ ချီတက်ပွဲတွင် မုံရွာပင်မသပိတ်ကလည်း ပူးပေါင်းခဲ့ပြီး ကြွေးကြော်သံများ ဟစ်ကြွေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး တရားများဟောကြားခဲ့သည်။ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly