ဂျပန် အပန်းဖြေခရီးဘတ်စ်ကား တောင်တက်လမ်းတွင် လမ်းချော်တိမ်းမှောက် လူ ၁၄ဦး သေဆုံး

ဂျပန် အပန်းဖြေခရီးဘတ်စ်ကား တောင်တက်လမ်းတွင် လမ်းချော်တိမ်းမှောက် လူ ၁၄ဦး သေဆုံး

တိုကျို၊ ဇန်နဝါရီ - ၁၅ ။           ။ ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ ကမ္ဘာလှည့်များကို ဂျပန်နိုင်ငံအလယ်ပိုင်းရှိ နှင်းလျှောစီးအပန်းဖြေစခန်းသို့ ကြိုပို့နေသည့် ဘတ်စ်ကားတစ်စင်းမှာ ဇန်နဝါရီလ ၁၅ရက်နေ့ နံနက်ပိုင်းက တောင်ပေါ်လမ်းမှ ချော်ကျတိမ်းမှောက်သွားခဲ့သည့်အတွက် လူ ၁၄ယောက် သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါဘတ်စ်ကားမှာ လူ ၄၁ယောက်ကို ယမာနူချီမြို့ရှိ ကီတာရှီဂါ နှင်းလျှောစီး အပန်းဖြေစခန်းသို့ သယ်ဆောင်လာစဉ် နာဂါနိုခရိုင်အတွင်းရှိ ကာရုအိဇဝါမြို့အနီးတွင် တိမ်းမောက်သွား ခဲ့ရခြင်းဖြစ် သည် ဒေသရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ကျန်လူ ၂၇ယောက်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ဆိုသည်။

လမ်းချော်တိမ်းမှောက်ရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးဘဲ၊ အခင်းဖြစ်ပွားရာမှ ဓာတ်ပုံများအရ တိမ်းမှောက်ချိန်တွင် လမ်းပေါ်တွင် နှင်းများလည်း ရှိမနေခဲ့ဘဲ ခြောက်သွေ့နေသည်ဟု ဆိုသည်။

ဘတ်စ်ကားကုမ္ပဏီတွင်မူ ယာဉ်မောင်းများ၏ လုံခြုံရေးချိုးဖောက်မှု မှတ်တမ်းများ ရှိထားပြီး ယခုအခါ စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။ ထိုကုမ္ပဏီမှာ ပြစ်ဒဏ် တစ်ကြိမ်ထိထားပြီး နှစ်ရက်တာ ယာဉ်များ ဆိုင်းငံခံခဲ့ရဖူးသည်ဟု ဆိုသည်။

ခရီးသည်အများစုမှာ အသက် ၁၈နှစ်နှင့် ၂၀စွန်းစွန်းများဖြစ်ကြသည်ဟု ခရီးသွားအေဂျင်စီ Keyth က ပြောကြားသည်။ Keyth မှာ နာမည်ကျော် အပန်းဖြေစခန်းများသို့ ဈေးပေါသော ဘတ်စ်ကား ခရီးများဖြင့် ကြော်ငြာလေ့ရှိသည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။ ထိုဘတ်စ်ကားမှာ ကြာသပတေးနေ့ညက တိုကျိုမှ ထွက်ခွာလာခဲ့ပြီး ခရီးသည် ၃၉ဦးနှင့် ယာဉ်မောင်း ၂ဦး လိုက်ပါလာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly