တောင်တရုတ်ပင်လယ်အတွင်း လုပ်ရပ်များကြောင့် နိုင်ငံတကာ၏တုံ့ပြန်မှုများကို တရုတ် ရင်ဆိုင်နေရ

တောင်တရုတ်ပင်လယ်အတွင်း လုပ်ရပ်များကြောင့် နိုင်ငံတကာ၏တုံ့ပြန်မှုများကို တရုတ် ရင်ဆိုင်နေရ

တောင်တရုတ်ပင်လယ် (SCS) ဒေသနှင့်ပတ်သက်သော တောင်းဆိုမှုများ အားကောင်းလာစေရေး တရုတ်က နယ်နမိတ် ၉ နေရာ သတ်မှတ်ထားသည့် Nine-dash Line ကြေညာချက်မှ ကျွန်းစု ၄ ခုအပေါ်အခြေခံသည့် နယ်နမိတ် သတ်မှတ်ချက် Four Sha သီအိုရီ အသစ်ဆီသို့ တရုတ်၏ အရွေ့ပြောင်းလိုက်ခြင်းသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် စိန်ခေါ်မှုအသစ်များကို ဖန်တီးလာနိုင်ပေသည်။

Four-Sha သည် ဥပဒေ ထုတ်ပြန်ချက်အချို့ဖြင့် တောင်တရုတ်ပင်လယ်အား ထိန်းချုပ်ရန် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS)ကဲ့သို့သော ကျိုးကြောင်းပြမှုကို ဖော်ဆောင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ အဆိုပါအရွေ့ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏အဖွဲ့ဝင်နိုင်ငံများက သတိပြုမိကြပြီး ယခင်တောင်းဆိုချက်ထက် ပိုမိုပြင်းထန်သည် ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာအိဖူဒင်အဗ္ဗဒူလာက ပြောကြားခဲ့သည်။

‘Four Sha’ သည် သမိုင်းဝင်အခွင့်အရေး ရှိသည်ဟု တရုတ်ကဆိုထားသောSCS ဒေသရှိ ကျွန်း ၄ ကျွန်းအုပ်စုဖြစ်သည်။ နိုင်ငံတကာအခေါ်အရပရာတက်စ်ကျွန်းများ၊ ပါရာစဲကျွန်းများ၊ မက္ကလက်စ်ဖီး ကမ်းပါးဧရိယာနှင့် စပရတ်လေကျွန်းများဖြစ်သည်။ တရုတ်က ကြံစည်နေသည့်ကြားမှ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုနှစ်စုသည် မဟာမိတ်များအား အားပေးရန်နှင့် ဆိုးဝါးသော သြဇာလွှမ်းမိုးမှုကို တန်ပြန်မည့် သန္နိဋ္ဌာန်ကို ပြသရန် SCS ဒေသသို့ လေ့ကျင့်ရေးအတွက် ဝင်ရောက်လာခဲ့ကြသည်။

ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့မှ လေတပ်များသည် နှစ်စဉ် ၃ နိုင်ငံလေ့ကျင့်ရေးCope North 2022 တွင် ပါဝင်ရန် စီစဉ်ထားသည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂ ရက်မှ ၁၈ ရက်အထိ ဂူအမ်နှင့် မြောက်မာရီယာနာကျွန်းစုတို့တွင် ပြုလုပ်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ထရပ်စ်နှင့် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်တို့သည် ၎င်းတို့နှစ်နိုင်ငံနှင့် အမေရိကန်တို့ပါဝင်သော Aukus သဘောတူညီချက်၏ နောက်ကွယ်၌ လုံခြုံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာစေရန် သြစတြေးလျသို့ သွားရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly