ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှုက တရုတ်နိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းကို ထိခိုက်

ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှုက တရုတ်နိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းကို ထိခိုက်

ပုဂ္ဂလိကလုပ်ငန်းများတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ စွက်ဖက်မှုတိုးလာခြင်းသည် နိုင်ငံ့ဈေးကွက်ကျဆင်းမှုကို ဦးတည်လာစေကာ တရုတ်အစိုးရ၏ စီးပွားရေးဒုက္ခများကို တိုးလာစေသည်။

"ကမ္ဘာ့ထိပ်တန်း ၁၀" စာရင်းတွင်ရှိသော တရုတ်ကုမ္ပဏီများသည် စျေးကွက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် နှစ်ပေါင်း နှစ်ကြာလာသည်နှင့်အမျှ ဆုတ်ယုတ်လာသည်ဟု Hong Kong Post ကဖော်ပြသည်။

အစောပိုင်း ၂၀၀၇ ခုနှစ်က တရုတ်ကုမ္ပဏီ ၁၀ ခုအနက် ၄ ခုသည် အဆိုပါ ထိပ်တန်းစာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် Alibaba နှင့် Tencent တို့သာ ကျန်ခဲ့ကာ ၂၀၂၁ခုနှစ်တွင် တရုတ်ကုမ္ပဏီတစ်ခုမျှ မပါဝင်တော့ပေ။

ထိပ်တန်း ၁၀စာရင်းတွင် ရပ်တည်နိုင်သည့် တစ်ခုတည်းသော အာရှကုမ္ပဏီမှာ Taiwan Semiconductor Manufacturing Company (TSMC) ဖြစ်သည်။

၂၀၀၈ခုနှစ် တရုတ်ဘဏ္ဍာရေးအကျပ်အတည်းအပြီးတွင် တရုတ်ကုမ္ပဏီသည် ကမ္ဘာကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

သို့သော် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ လမ်းညွှန်မှုအောက်ရှိ အစိုးရသည် ယခုအခါ နည်းပညာကို တင်းကျပ်သော နိုင်ငံတော်ထိန်းချုပ်မှုအောက်တွင် ထားသည့်လှုပ်ရှားမှုကို စတင်လုပ်ဆောင်လာပြီဖြစ်သည်။ ဖိနှိပ်မှု အသွင်ပြောင်းလာသော စည်းမျဉ်းများကြောင့် နည်းပညာကုမ္ပဏီများ အလုပ်မဖြစ်တော့ပေ။

နည်းပညာကုမ္ပဏီကြီးများသည် ဖြိုခွင်းမှုဒဏ်အခံရဆုံးသူများဖြစ်ပြီး ယခုအချိန်တွင် အကြောက်တရားနှင့် ရပ်တည်နေရသည်။ ၂၀၁၉ ခုနှစ်မတိုင်မီအထိ "ကုမ္ပဏီများသည် အများပြည်သူဝန်ဆောင်မှုအတွက် မဟုတ်ဘဲ အကျိုးအမြတ်အတွက်သာ ဖြစ်သည်” ဟု CCP က ယုံကြည်ထားသည်။ သို့သော် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးရာသီဥတုသည် မုန်တိုင်းဒဏ်ကို ခံစားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly