ရှီကျင့်ဖျင်၏ အာဏာချုပ်ကိုင်မှုက အကျင့်ပျက်ခြစားမှုပုံစံသစ်ကို ဖြစ်စေကြောင်း အမေရိကန်လွှတ်တော် အကြံပေးအဖွဲ့ ပြောကြား

ရှီကျင့်ဖျင်၏ အာဏာချုပ်ကိုင်မှုက အကျင့်ပျက်ခြစားမှုပုံစံသစ်ကို ဖြစ်စေကြောင်း အမေရိကန်လွှတ်တော် အကြံပေးအဖွဲ့ ပြောကြား

တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အာဏာကို တင်းတင်းကျပ် ကျပ်ချုပ် ကိုင်ထားခြင်းကြောင့် အခြားအရာအားလုံးထက် အစိုးရအပေါ် သစ္စာစောင့်သိမှုကို ပြသရန် တာဝန်ရှိသူများက အပြိုင်အဆိုင် ကြိုးပမ်းကြခြင်းဖြင့် တရုတ်အစိုးရအတွင်း အကျင့်ပျက်ခြစားမှုပုံစံသစ်ကို ဖန်တီးခဲ့ကြောင်း ဇန်နဝါရီ ၂၇ရက်က တရုတ်-အမေရိကန်ဆက်ဆံရေးဆိုင်ရာ ကွန်ဂရက်အကြံပေးအဖွဲ့တစ်ဖွဲ့က ကြားနာမှု တစ်ခုအတွင်း ပြောကြားခဲ့သည်။

ထိပ်တန်းနှင့် ဒေသဆိုင်ရာအဆင့်ရှိ တရုတ်နိုင်ငံရေးကျွမ်းကျင်သူများက သမ္မတသက်တမ်း ကန့်သတ်ချက်များ ကို ဖျက်သိမ်းကာ ၂၀၂၂ခုနှစ် ဒုတိယသက်တမ်းကုန်ဆုံးချိန်တွင် အာဏာဆက်လက်ဆက်ရှိနေရန် မျှော်လင့် ထားသည့် ရှီသည် အကြံဉာဏ်သစ်များ တီထွင်လိုသည့် ဆန္ဒမရှိသလို သို့မဟုတ် မူဝါဒများ မည်ကဲ့သို့ လုပ်ဆောင်နေပုံနှင့် ပတ်သက်၍ ရိုးသားစွာ မဖော်ပြနိုင်အောင် နိုင်ငံတစ်ဝန်းရှိ ကေဒါအများအပြားကို နှိပ်ကွပ်ထားခြင်းစသည့် အရာအားလုံးက တရုတ်နိုင်ငံအတွက် မတည်မငြိမ်ဖြစ်စေနိုင်သည်ဟု ၎င်းတို့က ဆိုသည်။

“ဒါက စနစ်တကျ အကျင့်ပျက်ခြစားမှုကို တံခါးဖွင့်ပေးလိုက်သလိုပါပဲ” ဟု ဘော်စတွန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျိုးဇက် ဖူးစမစ်က တရုတ်-အမေရိကန်စီးပွားရေးနှင့် လုံခြုံရေးကော်မရှင်သုံးသပ်ချက်ကော်မရှင်သို့ ပြောကြားခဲ့သည်။

တရုတ်က ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို ပြီးမြောက်အောင်မြင်ရန် ကမ္ဘာတစ်ဝန်းတွင် တရုတ်၏ စီးပွားရေးနှင့် စစ်ရေးအင်အားကို ပိုမို အသုံးပြုစိတ်များလာပြီး ရှီကျင့်ဖျင်က သူ့ကိုယ်သူ အားကောင်းသည့် အာဏာရှင် အုပ်စိုးရှင်အဖြစ် အခိုင်အမာ ဖော်ပြနေခြင်းကြောင့် အမေရိကန်က သတိနှင့် စောင့်ကြည့် နေခဲ့သည်။

လူအခွင့်အရေးမှသည် ထိုင်ဝမ်ကိစ္စ စီးပွားရေးပြိုင်ဆိုင်မှုများအထိ နိုင်ငံများနှင့် ဆက်ဆံရေးတင်းမာနေသည့် တရုတ်ကို ပစ်မှတ်ထားရန် ကျယ်ပြန့်သည့် ဥပဒေမူကြမ်းတစ်စောင်ကို အမေရိကန် အောက်လွှတ်တော်က တင်သွင်းပြီး ၂ရက်အကြာမှာ ယခု ကြားနာမှုဖြစ်ပေါ်လာခဲ့သည်။

ကွန်ဂရက်လွှတ်တော်သည် ၂၀၂၁ခုနှစ်တွင် အမေရိကန်ကို ယှဉ်ပြိုင်မှု ပိုမိုကောင်းမွန်သော အနေအထားတွင် ရှိနေစေမည်ဟု ဥပဒေပြုအမတ်များက ဆိုသည့် ကျယ်ပြောလှသော ဥပဒေကြမ်းတစ်ရပ်ကို ကွန်ဂရက် လွှတ်တော်က လွန်ခဲ့သည့်နှစ်များစွာက အသုံးပြုခဲ့သည်။

ဇန်နဝါရီလ ၂၇ရက် ကြားနာမှုတွင် ရှီက နိုင်ငံရေး ပြိုင်ဘက်များကို ဖယ်ရှားရန်အတွက်လည်း အသုံးပြုခဲ့သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ရှီ၏ မူဝါဒ အစီအစဉ်၏ လက်မှတ် ရေးထိုးချက်တစ်ခုသည် ဒေသတွင်း အဆင့်တွင် အပြောင်းအလဲအချို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရှီခေတ်တရုတ်အစိုးရအတွင်း ရာထူးတက်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ခေါင်းဆောင်အပေါ် သစ္စာစောင့်သိမှုကို ပြသရန်ဟူသော ခံစားချက်များနှင့် ပြည့်နှက်နေသည်ဟုလည်း ၎င်းတို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly