ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား ၉၀၀၀၀ ခန့် လိုအပ်နေ 

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား ၉၀၀၀၀ ခန့် လိုအပ်နေ 
Photo - Bangkok Post

ဖေဖော်ဝါရီလ ၅ ရက်

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့နှင့် ဒီဇင်ဘာလအတွင်းက ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာ သက်တမ်းအရ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များသည် ရွှေ့ပြောင်းလုပ်သား ၉၀၀၀၀ ခန့် လိုအပ်ကြောင်း တောင်းခံချက်ကို အလုပ်သမားဝန်ကြီးဌာနသို့ တင်သွင်းထားသည်။ 

စုစုပေါင်း ရွှေ့ပြောင်းလုပ်သား ၉၀၀၇၁ ရရှိရေးအတွက် အလုပ်ရှင်များထံမှ လျှောက်ထားမှုပေါင်း ၁၃၄၉ ခုအထိ ဝန်ကြီးဌာနက လက်ခံရရှိထားကြောင်း အလုပ်သမားဝန်ကြီး ဆူချတ် ချွမ်ကလင် က ပြောသည်။ 

လျှောက်ထားမှု အများစုဖြစ်သော ၇၂ ဒသမ ၂ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ အလုပ်သမားများကို ခေါ်ယူလိုခြင်းဖြစ်ပြီး ကမ္ဘောဒီးယားမှ ၂၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် လာအိုမှ ၆ ဒသမ ၈ ရာခိုင်နှုန်း ခေါ်ယူလိုခြင်း ဖြစ်သည်။ 

နားလည်မှုစာချွန်လွှာအရ ကမ္ဘောဒီးယား အလုပ်သမား ၁၅၈ မှ ပထမအုပ်စုသည် ဆာကဲအိုပြည်နယ်တွင် ခုနစ်ရက်တာ ကွာရန်တင်း ဝင်နေကြောင်း ဆူချတ်က ပြောသည်။ 

ထို ရွှေ့ပြောင်းလုပ်သားများသည် အပြည့်အဝ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး COVID-19 ကုသမှုအတွက် ကျန်းမာရေးအာမခံချက်လည်း ရှိထားသည်။ 

ကွာရန်တင်း စေ့သွားပါက ထို အလုပ်သမားများကို မသိရသော လမ်းကြောင်းမှတစ်ဆင့် အလုပ်နေရာသို့ ပို့ဆောင်မည်ဟု ၎င်းက ပြောသည်။ 

အလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေး စစ်ဆေးဂိတ်များမှသည် ကွာရန်တင်း ဝင်သည့်ဆီထိ အလုပ်သမား ခန့်ထားရေး ဌာနက ပြည်နယ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။ 

ဌာနအနေဖြင့် ကမ္ဘောဒီးယား အလုပ်သမား ၂၂၀ ကို နိုင်ငံသို့ ဝင်ခွင့် ဦးဆုံးခွင့်ပြုထားသော်လည်း ၎င်းတို့တွင် ၃၅ ဦးက ထိုင်းနိုင်ငံသို့ မလာကြသေးကြောင်း ဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ပိုင်ရော့ချိုတီကာဆာသင်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required