တရုတ်တွင်သတင်းရယူသည့် နိုင်ငံခြားသတင်းထောက်များ အခက်အခဲနှင့်ရင်ဆိုင်နေရ

By Big News Network
05 February 2022
တရုတ်တွင်သတင်းရယူသည့် နိုင်ငံခြားသတင်းထောက်များ အခက်အခဲနှင့်ရင်ဆိုင်နေရ

အမှီအခိုကင်းသော သတင်းဖော်ပြမှုကို ပိတ်ပင်ရန်နှင့် ဂုဏ်သိက္ခာထိခိုက်စေရန် အစိုးရ၏ ကြိုးပမ်းမှုများကြောင့် ပြည်ပသတင်းဌာနများသည် တရုတ်နိုင်ငံအကြောင်း သတင်းတင်ဆက်ရာတွင် မကြုံစဖူးသော အတားအဆီးများနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံခြားသတင်းထောက်များအသင်း (FCCC) က ၎င်း၏ နောက်ဆုံးထွက်ရှိသည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရမှ အတင်းအဓမ္မထုတ်ပယ်သည့် သတင်းထောက်အရေအတွက် များပြားလာသည့်နှင့်အမျှ တရုတ်နိုင်ငံအကြောင်း သတင်းတင်ဆက်ခြင်းကို အဝေးမှပြုလုပ်လာကြသည်။

FCCC မှ နှစ်စဉ်ပြုလုပ်သော စစ်တမ်းကို ဖြေကြားသည့် နိုင်ငံခြားသတင်းထောက် ၉၉ ရာခိုင်နှုန်းက သတင်းတင်ဆက်ရသည့်အခြေအနေများသည် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များသည်တရုတ်အစိုးရ၏ တင်းကျပ်သော ကပ်ရောဂါအစီအမံများဖြင့် ရောဂါကူးစက်မှုကို တားဆီးခွင့် ရှိသော်လည်း သတင်းထောက်ဗီဇာအသစ်အတွက် ခွင့်ပြုချက်နှောင့်နှေးရန်၊ သတင်းရိုက်ကူးသည့် ခရီးစဉ်များကို ပိတ်ပစ်ရန်နှင့် အင်တာဗျူးတောင်းဆိုမှုများကို ငြင်းပယ်ရန် ကိုဗစ်-၁၉ စီမံချက်များကို အာဏာပိုင်များက မကြာခဏ အသုံးချကြသည်။

ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းခန့်က ၎င်းတို့ဗျူရိုများသည် လိုအပ်သောသတင်းသမားအရေအတွက်ကို မခေါ်ယူနိုင်သည့်အတွက် ဝန်ထမ်းအင်အားနည်းပါးသည်ဟု ဖြေဆိုခဲ့ကြသည်။

ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းက ၎င်းတို့သည် တရုတ်နိုင်ငံ၏ စည်းမျဉ်းများအရ အန္တရာယ်မရှိကြောင်း တင်ပြသည့်အခါ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှုဆိုင်ရာအကြောင်းပြချက်များဖြင့် ဝင်ရောက်ခွင့် ငြင်းပယ်ခံရကြောင်း ဖြေကြားခဲ့ကြသည်။

နိုင်ငံခြား သတင်းထောက်များနှင့် ၎င်းတို့၏ မိသားစုများသည် တရုတ်အစိုးရ၏ နှောင့်ယှက်မှုကို ဆိုးဆိုးရွားရွားခံစားကြရသောကြောင့် တိုက်ခိုက်မှုခံရ၍စိတ်ဓာတ်ကျနေသော သတင်းထောက်အချို့သည် ပြည်မကြီးမှ ထွက်ခွါသွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly