ထိုင်ဝမ်အတွက် စိုးရိမ်စရာ ၁၀ စုနှစ်စတင်ချိန်တွင် တရုတ်အစိုးရက ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ မတိုင်မီ ကမ္ဘာ့နိုင်ငံများအပေါ် မကျေနပ်ချက်ကို ပြသ

ထိုင်ဝမ်အတွက် စိုးရိမ်စရာ ၁၀ စုနှစ်စတင်ချိန်တွင် တရုတ်အစိုးရက ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ မတိုင်မီ ကမ္ဘာ့နိုင်ငံများအပေါ် မကျေနပ်ချက်ကို ပြသ

၂၀၂၀ပြည့်နှစ်များသည် ထိုင်ဝမ်အတွက် စိုးရိမ်စရာ ၁၀စုနှစ်ဟုခေါ်ဆိုသော်လည်း တရုတ်နိုင်ငံရေး၏ မတည်ငြိမ်သော အခြေအနေကြောင့် ၂၀၂၂ ခုနှစ်သည် ထိုင်ဝမ်အတွက် ထူးခြားမှုများစွာရှိလာနိုင်ဦး မည်မဟုတ်ပေ။

၂၀ဝ၈ခုနှစ် ပေကျင်းအားကစားပြိုင်ပွဲကို တစ်ကမ္ဘာလုံးက ယုံကြည်ချက်ရှိစွာ အကောင်းမြင်ပြီး ကျင်းပနိုင်ခဲ့သော်လည်း ယခု၂၀၂၂ခုနှစ် အခြေအနေသည် ဝေဖန်ခံနေရခြင်း၊ ဖော်ရွေမှုမရှိသော၊ အစွန်းရောက်သော အနေအထားဖြင့် လုံးဝခြားနားသော သားကောင်ကြီး တစ်ကောင်ကဲ့သို့ ခံစားနေရကြောင်း Taipei Times မှ ဖော်ပြခဲ့သည်။

အစောပိုင်းက ဆိုဗီယက်ယူနီယံ၏ အာဖဂန်နစ္စတန်အား ကျူးကျော်မှုကို ကန့်ကွက်ဆန္ဒပြရန် အမေရိကန်က ဦးဆောင်သပိတ်မှောက်ခဲ့သည့် ၁၉၈၀ပြည့်နှစ် မော်စကို နွေရာသီ အားကစားပွဲတော်နောက်ပိုင်း နိုင်ငံရေးအရ စွဲချက်အခံရဆုံး အိုလံပစ်ပွဲတော် ဖြစ်လာဖွယ်ရှိသည်။

အားကစားသမားများနှင့် တာဝန်ရှိသူများသည် တင်းကျပ်သော လုံခြုံရေးအစီအမံများအောက်တွင် ပိတ်ဆို့ကန့် သတ်ထားသော နေရာများနှင့် နေရာထိုင်ခင်းများ အတွင်းနေထိုင်ရမည်ဖြစ်ပြီး နိုင်ငံခြားဧည့်သည်များကို တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် တားမြစ်ထားသည်။

စိတ်ပျက်စရာကောင်းသည်ကတော့ သာမန်ပေကျင်းမြို့သားများအနေဖြင့် လက်တကမ်းရှိ ခမ်းနားကြီးကျယ် သော ပွဲကြီးကို တက်ရောက်ခွင့်ရမည်မဟုတ်ကြောင်းTaipei Times က ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၄ရက်တွင် သံတမန်ရေးသပိတ်မှောက်မှုများ၊ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခြင်းနှင့် ကွန်မြူနစ်ပါတီ (CCP) အတွင်းရှိ ဂိုဏ်းခွဲများအကြား ပဋိပက္ခများဖြစ်ပွားနေချိန်တွင် တရုတ်သည် ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း Taipei Times က ဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်သည် ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တွင် ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး စိန်ခေါ်မှုနှင့် ရင်ဆိုင်ရနိုင်ပြီး ယင်းကွန်ဂရက်တွင် ၎င်း၏ တတိယသက်တမ်းအာဏာရရှိရေးအတွက် ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း Taipei Times က ဖော်ပြခဲ့သည်။

ထို့အတူ ရှီကျင့်ဖျင်သည် တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဦးဆောင်သော အဖွဲ့မှသာမက ထိုင်ဝမ်ကို သိမ်းပိုက်ရန် စိတ်ပျက်နေသော ထိပ်ပိုင်းပါတီခေါင်းဆောင်များနှင့် သဘောထားတင်းမာသော စစ်ဗိုလ်ချုပ်များ၏ စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly