အီကွေဒေါသမ္မတ တရုတ်ခရီးစဉ်အတွင်း အကြွေးကို ရေနံနှင့် ချည်နှောင်ထားမှုကို ပယ်ဖျက်ရန် ကြိုးပမ်းမည်

အီကွေဒေါသမ္မတ တရုတ်ခရီးစဉ်အတွင်း အကြွေးကို ရေနံနှင့် ချည်နှောင်ထားမှုကို ပယ်ဖျက်ရန် ကြိုးပမ်းမည်

ကြွေးမြီဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကိစ္စ ပြန်လည်ဆွေးနွေးရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီကွေဒေါသမ္မတ ကွေလာမို လက်ဆိုက မတ်လ တရုတ်ခရီးစဉ်အတွင်း အကြွေးကြောင့် ရေနံစိမ်းများ လွှဲပြောင်းပေးရမှုကို ဖြတ်တောက်ရန် ကြိုးပမ်းမည်ဟု ဇန်နဝါရီလ ၂၅ရက်တွင် ပြောကြားလိုက်သည်။

လွန်ခဲ့သော ၁၀စုနှစ်အတွင်း တရုတ်သည် ရေနံစိမ်းဖြင့် အကြွေးချေးယူမှုစာချုပ်များ၊ ပွင့်လင်းချေးငွေ အစီ အစဉ်များနှင့် သတ္ထုတွင်းလုပ်ငန်းနှင့် ရေကာတာများတွင် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုများဖြင့် အီကွေဒေါ၏ အဓိကဘဏ္ဍာရေးမိတ်ဖက်ဖြစ်လာခဲ့သည်။

""ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှာဖွေသွားမည်ဖြစ်ပြီး တရုတ်ကို ဆပ်ရမဲ့အကြွေးတွေအတွက် ရေနံနဲ့ အကြွေးဆပ်မှု ချည်နှောင်ထားမှုကို ဖယ်ရှားသွားမှသာ ရေနံကို အီကွေဒေါအစိုးရက လွတ်လပ်စွာ ရရှိ သွားမှာပါ" ဟု လက်ဆိုက ဒေသတွင်း ရေဒီယိုတစ်ခုသို့ ပြောကြားခဲ့သည်။

“ဒါက ဒီဆွေးနွေးပွဲရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နိုင်ပြီး တရုတ်ကို သွားမဲ့ နောက်ခရီးစဉ်အတွင်း ဆွေးနွေး သွားမယ်လို့ မျှော်လင့်ထားပါတယ်”

တရုတ်သို့ ပြန်ဆပ်ရမည့် အီကွေဒေါ၏ ကြွေးမြီဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဟု လက်ဆိုက ပြောကြားခဲ့သည်။

နောက်ထပ် ချေးငွေ ဒေါ်လာ သန်း ၅၀ဝ သည် ပိုမိုကောင်းမွန်သော အတိုးနှုန်းများဖြင့် နှစ်ရှည်စာချုပ်များ ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းကြောင့် ပြန်လည်ညှိနှိုင်းမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အီကွေဒေါသည် တရုတ်ဘဏ်များမှ ချေးငွေများနှင့် ဆက်စပ်နေသည့် အာရှရေနံကုမ္ပဏီများနှင့် ရေနံစိမ်း အတွက် စာချုပ် ၁၆ ခု ချုပ်ဆိုထားပြီး လေ့လာသူများက အီကွေဒေါကို ယင်းကိစ္စက အခြေအနေမပေးကြောင်း သုံးသပ်သူများက ယူဆကြသည်။

တောင်အမေရိကနိုင်ငံသည် ၂၀၂၄ခုနှစ်နောက်ဆုံးထားပြီး အာရှကုမ္ပဏီများထံ ရေနံစိမ်းစည် သန်း ၁၆၀ကျော် လွှဲပေးရမည်ဖြစ်ကြောင်း နိုင်ငံပိုင် ရေနံကုမ္ပဏီ Petroecuadorအကြီးအကဲ အီတာရို ဆီဒီနိုက ဇန်နဝါရီ ၂၄ရက်တွင် ဒေသဆိုင်ရာ ရေဒီယိုသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly