တနင်္သာရီမြို့တွင် CDM စည်ပင်အင်ဂျင်နီယာကို စစ်ကောင်စီက ထောင်နှစ် ၂၀ ချ

တနင်္သာရီမြို့တွင် CDM စည်ပင်အင်ဂျင်နီယာကို စစ်ကောင်စီက ထောင်နှစ် ၂၀ ချ

ဖေဖော်ဝါရီလ ၄ ရက်

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် CDM စည်ပင် အင်ဂျင်နီယာ ဦးအောင်သက်ဦးကို မေးမြန်းစရာရှိသည်ဟု ဆိုကာ နေအိမ်မှ စစ်ကောင်စီတပ်က ခေါ်ဆောင်သွားပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၀) ညဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး CDM ပြုလုပ်ခဲ့သည့် စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦးကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေဖြင့် မတရား ဖမ်းဆီး အရေးယူကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြိတ်အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်ဟု စည်ပင် ဝန်ထမ်း အသိုင်းအဝိုင်းမှ သိရသည်။

တနင်္သာရီမြို့ ဒေသခံ တစ်ဦးက "သူက အရေးတော်ပုံ ကာလမှာ CDM လုပ်ထားတဲ့သူ တစ်ဦးပါ နောက်ပိုင်း Non-CDM ပြန်လည် ပြုလုပ်ထားတဲ့  အခါမှာ စစ်ကောင်စီအဖွဲ့က မေးစရာ ရှိတယ်ဆိုပြီး ခေါ်ဆောင်သွားရာမှ ဖမ်းခံလိုက်ရတာ ဖြစ်တယ်" ဟု ပြောသည်။

တနင်္သာရီမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်  အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သူ ဒေသခံ လေးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required