နဂါးအတွက် သင်္ချိုင်း

By The HK Post
04 February 2022
နဂါးအတွက် သင်္ချိုင်း

ပြည်မကြီးတွင် တရုတ်ကုမ္ပဏီများ ဦးမော့လာခြင်းသည် ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှုကို စိန်ခေါ်နေသောကြောင့် မလှုပ်သာမလှည့်သာဖြစ်လာကာ တရုတ်စတော့များလည်း ဆုံးရှုံးလာသည်။ နှိမ်နင်းမှုကြောင့် ကုမ္ပဏီများ လက်လွှဲရောင်းချကြကာ ရင်းနှီးမြုပ်နှံသူများ ထွက်ပြေးသွားကြသလို စီအီးအိုလည်း ပျောက်ကွယ်သွားပြီး တရုတ်ဈေးကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံတန်ဖိုး ဆုံးရှုံးမှုကြီး ဖြစ်ပေါ်ခဲ့သည်ဟု The HK Post ၌ဖော်ပြထားသည်။

တရုတ်ပုဂ္ဂလိကကဏ္ဍသည် ထင်ပေါ်သောနယ်ပယ်ဆိုင်ရာစည်းမျဉ်းတင်းကျပ်သော အစိုးရဖိအားများကို ကြုံတွေ့နေရသည်။“ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၁၀" စာရင်းတွင်ရှိသော တရုတ်ကုမ္ပဏီများ၏ စျေးကွက်ရင်းနှီးမြှုပ်နှံမှုမှာလည်း နှစ်ကြာလာသည့်နှင့်အမျှ ကျဆင်းလာသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မည်သူ့မျက်နှာကိုမှ မကြည့်ဘဲ နည်းပညာကုမ္ပဏီကြီးများ၊ ပုဂ္ဂလိကကျောင်းများ၊ ဂိမ်းလောက၊ ဆိုရှယ်မီဒီယာ သို့မဟုတ် အိမ်ခြံမြေ ဖြစ်ပါစေ တရုတ်၏တိုးတက်မှုကို ပျက်ပြားစေသောအရာအားလုံးကို ချေမှုန်းနေသည်။

ရှီ၏ လမ်းညွှန်မှုဖြင့် အစိုးရသည် ယခုအခါ နည်းပညာကို တင်းကျပ်သော နိုင်ငံတော် ထိန်းချုပ်မှုအောက်သို့ထားမည့် လှုပ်ရှားမှုတစ်ခုကို စတင်နေပြီဖြစ်သည်။

နည်းပညာကုမ္ပဏီကြီးများသည် ချေမှုန်းအခံရဆုံးသားကောင်များဖြစ်ခဲ့ကြပြီး ယခုအခါ အကြောက် တရားဖြင့် ရှင်သန်နေရသည်။ လူမှုမီဒီယာပေါ်တွင် ထင်ရှားကျော်ကြားသူများမှာလည်း ဖြိုခွင်းမှုမှ မကင်းလွတ်နိုင်ကြသလို အွန်လိုင်းဂိမ်းနှင့် သင်ကြားရေးကဏ္ဍများမှာလည်း အလားတူပင်ဖြစ်သည်။ ယခုအခါ ကွန်မြူနစ်အစိုးရသည် အွန်လိုင်းပွဲစားများကို ထိန်းချုပ်ထားပြီး ပြည်ပဝန်ဆောင်မှုများပေးခြင်းကို တားမြစ်ထားသည်။ ဆိုလိုသည်မှာ နိုင်ငံခြားဈေးကွက်တွင် စတော့ရောင်းဝယ်မှု တားမြစ်ခြင်းနှင့် နယ်စပ်များတွင် တရုတ်ငွေကို ထိန်းသိမ်းခြင်းဖြစ်သည်။

ထိန်းချုပ်ရန်နှင့် စိုးမိုးရန်ကြိုးပမ်းသည့်အခါ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဟန်လူမျိုးများ၏ နေထိုင်မှုဘဝကို ဖန်တီးရာတွင် နည်းပညာ၏အခန်းကဏ္ဍကို ဥပေက္ခာပြုထားသည်။

ဝင်ရောက် စွက်ဖက်ခြင်းဖြင့် CCP သည် နဂါးအတွက် သင်္ချိုင်းတစ်ခု ဖန်တီးပေးနေသည်။ ချေမှုန်းမှုတစ်ခုအနေဖြင့် မဟုတ်တော့ဘဲ နည်းပညာနှင့် ဆိုရှယ်မီဒီယာကြီးများကဲ့သို့ စိန်ခေါ်သည့်အရာများထံမှ တရုတ်လူမျိုးများ၏ ကိုယ်ရောစိတ်ကိုပါ စိုးမိုးရန် ကြိုးပမ်းနေသော လိပ်ပြာမလုံသောနဂါးသဖွယ်ဖြစ်နေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly