“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” လက်ပံတောင်း ပင်မသပိတ်မှ ပါဝင်ပူးပေါင်းပါ၀င်လာသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” လက်ပံတောင်း ပင်မသပိတ်မှ ပါဝင်ပူးပေါင်းပါ၀င်လာသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း ရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၃၀ ရက်မြောက်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုသည့် စာတမ်းအားကိုင်စွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးကြပြီး လက်ပံတောင်း ပင်မသပိတ်မှလည်း လာရောက်ပူးပေါင်းချီတက်ခဲ့ ကြသည်။ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly