တောင်တရုတ်ပင်လယ်၌ တရုတ်အပေါ်ဖိအားပေးရန် အရှိန်မြှင့်လုပ်ဆောင်လာ

By World News Platform
03 February 2022
တောင်တရုတ်ပင်လယ်၌ တရုတ်အပေါ်ဖိအားပေးရန် အရှိန်မြှင့်လုပ်ဆောင်လာ

တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့်တရုတ်အစိုးရ စစ်ရေးပြိုင်ဆိုင်မှုများအကြား အမေရိကန်သည် အဆိုပါဒေသတွင် တရုတ်နိုင်ငံ၏ ရေတပ်အင်အားတောင့်တင်းမှုကို စိန်ခေါ်ရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း Asia Times ကဖော်ပြသည်။

ဒေါ်နယ်ထရန့်ကို သမ္မတရာထူး ပြုတ်စေခဲ့ပြီးနောက် အမေရိကန်သည် ၎င်း၏ တရုတ်ဆိုင်ရာချဉ်းကပ်မှုကို လက်ရှောင်သွားနိုင်သည်ဟု အာရှခေါင်းဆောင်အများအပြားက စိုးရိမ်ခဲ့ကြသော်လည်း ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်အောင်ပွဲခံပြီးနောက် အာရှရှိ အမေရိကန်မဟာမိတ် အများအပြားသည် အတိုင်းအတာတစ်ခုအထိ ထိတ်လန့်မှု ဖြစ်ပွားခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson သည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသောကျွန်းစု စပရတ်လေအနီးတွင် ရေပြင်နှင့် ရေပြင် စစ်သင်္ဘောအုပ်စု Essex Amphibious Ready Group (ARG) နှင့်၅ ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း Asia Times သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ယမန်နှစ်ထက် သီတင်းနှစ်ပတ်စောပြီး စတင်ခဲ့ခြင်းဖြစ်ကာ တရုတ်၏ ရေတပ်အင်အား အခိုင်အမာရှိမှုကို စိန်ခေါ်ရန် အမေရိကန်စစ်တပ်က ဆန္ဒပြင်းပြလာကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က အမေရိကန် လေယာဉ်တင်သင်္ဘောများသည် တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် စစ်ဆင်ရေးများ စတင်ရန် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု Carl Vinson နှင့် Abraham Lincoln တို့သည် ရေကြောင်းဘက်ပေါင်းစုံ-ပင်လယ်ပြင်စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုတို့ကို အားကောင်းလာစေရန် ရည်ရွယ်သည့် စစ်ဆင်ရေးများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly